လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Sunday 1 June 2014

Facebook မှာကိုယ့်ရဲ့ Profile ကို ဘယ်သူတွေ ၀င်ကြည့်လဲ ကြည့်ကြမယ်

facebook မှာတောင်းဆိုထားတဲ့ သူတွေ အတွက် ကိုယ့်ရဲ့ Profile ကို ဘယ်သူတွေ ၀င်ကြည့်လဲ ကြည့်နည်းကို နည်းလမ်း နှစ်မျိုးနဲ့ ကြည့်နည်းကို မသိသေးသူများအတွက် တင်ပေးလိုက်ပါတယ် ပထမ ကြည့်တဲ့ နည်းက App ကိုဖုန်းထဲ install ပြီး မိမိ အကောင့် နဲ့ဝင်ပြီးကြည့်နည်း ဒုတိယနည်းက ကွန်ပြူတာနဲ့ကြည့်တဲ့ နည်းပါ ပထမဆုံးဖုန်းနဲ့ကြည့်မဲ့သူတွေကတော့   App လေးကိုအောက်မှာ ဒေါင်းယူလိုက်ပါ

                           



             App ဒေါင်းရန်>>>>>>>DOWNLOAD NOW

       ************************************************************

ဒုတိယနည်းက ကွန်ပြူတာနဲ့ ကြည့်နည်း ဖြစ်ပါတယ် မထဆုံး facebook ကို အရင် Login ၀င်လိုက်ပါ ပြီးရင် မိမိ Profile ထဲဝင်ပြီး တစ်နေရာရာမှာ Right click ပေးပြီး View source page ကိုနိပ်ပါ အောက်ပုံအတိုင်း ပုံသေးနေရင် ပုံကို ကလစ်ပြီးကြည့်ပါ။
                                       
ပြီးရင်တော့ အောက်ကပုံလေးအတိုင်း page ထဲရောက်ရင်
                                
ကီးဘုတ်က control+F နိပ်ပြီတော့ အောက်နားက Find box လေးထဲမှာ ဒီစာကို initialchatfriendslist ရေးထည့်ပြီး Enter တစ်ချက်ခေါက်လိုက်ပါ အောက်ကပုံအတိုင်း
                                 
အပေါ်ကပုံမှာ initialchatfriendslist ရဲ့နောက်က အနီရောင်ဂွင်လေးထဲမှာ နံပါတ်က ကိုယ့် profile ထဲဝင်ကြည့်ထားသူရဲ့ ID Number တွေပါ အနီဂွင်လေးထဲမှ နံပါတ်တွေကို copy ယူပြီး www.facebook.com/ နောက်မှာ paste ချပြီး Enter ခေါက်ပေးလိုက်ရင် ၀င်ကြည့်ထားတဲ့ သူရဲ့ Profile တန်းရောက်သွားပါမယ် အောက်ပုံလေးအတိုင်း
                                
ထိုနည်းအတိုင်းနောက် ID Number တွေကို www.facebook.com/ ရဲ့နောက်မှာ Copy / paste လုပ်ပြီး တစ်ယောက်ပြီးတစ်ယောက်ကြည့်သွားနိုင်ပါတယ် ဒီလောက်ဆိုနားလည်မယ်လို့ မျှော်လင့်ပါတယ်။


                                                            သားကောင်းရတနာ(နည်းပညာ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More