လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏
Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Sunday, 19 October 2014

System Shutdown ကျသွားနိုင်တဲ့အချက်အချို့......

System Shutdown ကျသွားနိုင်တဲ့အချက်အချို့......
ကျွန်တော်တို့ ကွန်ပျူတာ Operation System တစ်ခု ရုတ်တရက်
Shutdown ကျသွားတယ်ဆိုရင် အများစုကအထင်မျိုးမျိုးနှင့်ဆုံးဖြတ်
တတ်ကြပါတယ်။ပုံမှန်အားဖြင့် Normal Decided တွေကတော့ CPU
Over heat, Electricity Un-stable, Bad Powersupply စသဖြင့်
ဆုံးဖြတ်ပြီး အဖြေရှာကြပါတယ်။ အခုကျွန်တော်ပြောမှာလေးတွေက
တော့ အချက်အလက်အချို့နဲ့ တစ်ခုချင်းစီပြောပြပါမယ်။
IRQ Conflict
IRQ ဆိုတာကတော့  Hardware သမားတိုင်းအလွယ်တကူသိနိုင်မှာပါ။
Interrupt Request Channel ဆိုတာကတော့ မိမိကွန်ပျူတာရဲ့ Device
တိုင်းမှာ သက်ဆိုင်ရာ Port Channel တွေရှိပါတယ်။ ဆိုလိုတာကတော့
Keyboard ဆိုရင် သူ့ရဲ့ IRQ နံပါတ်က 1 ဖြစ်ပြီး ၊ Printer ဆိုရင် IRQ7
Mouse ဆိုရင် IRQ12 စသဖြင့် သက်ဆိုင်ရာ Channel နံပါတ်တွေနဲ့ လုပ်
ဆောင်ကြတာဖြစ်ပါတယ်။ မိမိကွန်ပျူတာထဲမှာ ဘယ် Devices ကဘယ်
IRQ လည်းဆိုတာကိုသိနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့ Run Box
ထဲကနေပြီးတော့ “devmgmt.msc” ဆိုပြီး Device Manager ကိုရိုက်
လိုက်ပါမယ်။



ထို့နောက်တော့ View Tab ထဲကနေပြီးတော့လက်ရှိ Devices by type
ဆိုတာကနေ Resources by type ဆိုတာကိုပြောင်းလိုက်ပါမယ်။

ထို့နောက်တော့ Interrupt request (IRQ) ဆိုတဲ့နေရာမှာနှိပ်လိုက်ပြီး
မိမိ System မှာမည်သည့် Devices က ဘယ် Channel Port တွေနဲ့
အလုပ်လုပ်နေသလည်းဆိုတာသိနိုင်ပါတယ်။ တစ်ခါတစ်လေ ထိုအထဲ
က Channel တွေတူညီနေတဲ့အခါမျိုးမှာလည်း System ကရုတ်တရက်
Shutdown ကျသွားတတ်ပါတယ်။ ဘယ်လိုအနေအထားမှာ Conflict
ဖြစ်တတ်သလည်းဆိုတော့ External Mouse, Kayboard, NIC စသည်
တို့ ထပ်မံ Extend လုပ်ပြီးသုံးစွဲတဲ့အခါမျိုးမှာလည်း Conflict ဖြစ်တတ်
ပါတယ်။
Bad RAM
OMG! ဒါကတော့ အဓိကပြဿနာတွေထဲကတစ်ခုပါပဲ။ အများစုဖြစ်တတ်
တဲ့ Blue Screen of Death ဖြစ်တတ်တာက ဒီပြဿနာများပါတယ်။ အ
ကြောင်းမူကား ကျွန်တော်တို့ Random Access Memory မှာ တစ်ကယ်
အလုပ်လုပ်တာက GHz နဲ့အလုပ်လုပ်ပါတယ်။ အဲဒီ GHz နဲ့အလုပ်လုပ်
တယ်ဆိုတာကလည်း  Seconds အရဆိုရင် Nano Second တွေနဲ့အလုပ်
လုပ်တာပါ။ ဥပမာ- 70ns နဲ့ အလုပ်လုပ်နေတဲ့ Memory က သက်တမ်း
ကြာလာတာနဲ့အမျှ၊ သို့မဟုတ် RAM Slot နဲ့ RAM Stick တိုကအကြား
Dusty ဖြစ်လာတယ်ဆိုရင်လည်း ns တွေကကျဆင်လာပြီး စက်ကိုရုတ်
တရက်ရပ်တန့်သွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ RAM copper
Pin တွေနဲ့ Band တွေကို သန့်စင်အောင်လုပ်ပြီး Replacement ပြန်
လုပ်ပေးရပါတယ်။ အကောင်းဆုံးသန့်စင်ပစ္စည်းကတော့ Eraser (ခဲဖျက်)
သို့မဟုတ် A4 Paper Plain သန့်စင်သော စက္ကူစတို့ဖြင့် ကြေးပြားလေး
တွေကိုပွတ်တိုက်ပေးရပါတယ်။ ဒီနေရာမှာ အရေးကြီးမှာစရာရှိတာကတော့
ကြေးပြားလေးတွေကိုပွတ်တိုက်တဲ့အချိန်မှာသတိထားရပါမယ်။ ဘာကြောင့်
လည်းဆိုတော့ ၄င်းတို့က ကြာလာတာနဲ့အမျှ Processing များလာမှုကြောင့်
Heat တက်ပြီး ကြွတက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုအနေအထားမှာ
သင်ဟာ အသာအယာ ပွတ်တိုက်မှုမဟုတ်ပဲ၊ ကြမ်းတမ်းစွာလုပ်ဆောင်မယ်
ဆိုရင် ကြေးပြားလေးတွေကွာသွားပြီး သုံးမရအောင်ဖြစ်တတ်ပါတယ်။
Hard Disc Error
ရုတ်တရက် BOSO ဖြစ်တတ်တဲ့ ပြဿနာထဲမှာ ဒီအကောင်ကလည်းဒုတိ
ယအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တာလည်းဆိုတော့
ပထမအချက်က Casing ထဲမှာ ဖုန်မှုတ်များနေခြင်း၊ HDD Arm Crunk
ဖြစ်ထားခြင်း၊ Cable Loose ဖြစ်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။ HDD
Arm Crunk ဘယ်အချိန်မှာဖြစ်တတ်သလည်းဆိုတော့ ကျွန်တော်တို့ပုံ
မှန် HDD မှာ သူ့ရဲ့ RPM က IDE တွေမှာဆို 5400 rpm ရှိပြီး SATA
တွေမှာဆိုရင်တော့ 7200 rpm ရှိပါတယ်။ ဒီလိုမျိုး တစ်မိနစ်မှာလည်နေ
တဲ့ အပတ်အရည်အတွက် 5400 တို့ 7200 တို့က ရုတ်တရက် လျှပ်စစ်
ဓာတ်ပြတ်တောက်သွားတဲ့အခါမှာ Platter နဲ့ Arm က ညိသွားတဲ့အခါ
မျိုးမှာ Bad Sector ဖြစ်သွားတတ်ပါတယ်။ ဆိုလိုတာကတော့ Physical
Error ပေါ့.. ဒီလို Bad Sector တွေများလာတဲ့အခါမျိုးမှာဘာတွေဖြစ်
တတ်သလည်းဆိုတော့ Window Operation System က Run နေပေ
မယ့်လည်း Performance ကျတတ်ပါတယ်။ ဆိုလိုတာက Drive Letter
တွေကိုဖွင့်ရင် ကြာနေတာမျိုးတွေ Data တွေကော်ပီကူးတဲ့အခါကြာတာ
မျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့် HDD ကိုလည်း Cable Connection
တွေကိုစစ်ဆေးရပါမယ်။ Cable တွေကောင်းသလား၊ Connector တွေ
ကောင်းသလားဆိုတာကိုစစ်ပြီး Replacement ပြန်လုပ်ပေးရပါမယ်။
OE Exceptions and VXD Errors
OE Exception and VXD Error ဆိုတာကတော့အဓိကကတော့
Video Card Error ပဲဖြစ်ပါတယ်။ ဒီလိုအနေအထားမှာဖြစ်တယ်
ဆိုရင်တော့ အများစုက VGA (Video Graphic Array) ကြွသွား
တာများပါတယ်။ဒါကလည်း သင်မြင်ရတဲ့ BOSO ရဲ့ Code မှာ
VGA ကိုရည်ညွန်းမှပါ။ Build In VGA ဆိုရင်တော့ PCI Express
Card ကိုထည့်စိုက်ပြီးသုံးသင့်ပါတယ်။ Sprit Board ဆို၇င်လည်း
လက်ရှိ တပ်ထားတဲ့ VGA Card ကိုလည်းပြီးသုံးသင့်ပါတယ်။
အချို့က ရှိပါတယ်။ MB (Mother Board) ပေါ်မှာလည် On
Board VGA ပါပါတယ်။ ဒါပေမယ့် ထိုပါတဲ့ On Board ရဲ့ VGA
Size ကိုထပ်တိုးသုံးချင်တဲ့အတွက်ကြောင့် PCI Card တွေစိုက်ပြီး
ထပ်သုံးကြပါတယ်။ အထူးသဖြင့် Game ဆိုင်တွေပေါ့....ဒီအခါမှာ
အပေါ်မှာပြောတဲ့ IRQ Conflict ဖြစ်ခြင်းမျိုးတွေဖြစ်ပြီး System
Shutdown ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ အများစု သတိမထားမိတဲ့အချက်လေးတွေလည်းပါ
ပါတယ်။ Computer Service သမားလုပ်မယ်ဆိုရင်တော့ အတွေ့
အကြုံများမှဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ အများ
စုကို ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာလေးတွေကိုတင်
ပေးပြီး အချိန်တိုအတွင်း တက်မြောက်စေရန်ရည်ရွယ်လိုက်ပါတယ်။
လေးစားစွာဖြင့်
 
Credit=CristianoZarni@ဦးဇာနည်
 
သားကောင်းရတနာ(နည်းပညာ)

Galaxy S5 အသုံးပြုသူများ သိထားသင့်သည့် အချက် (၁၀) ချက်


Samsung Galaxy S5 သုံးစွဲသူ အများစုသည် ၎င်းတို့၏ စမတ်ဖုန်းရှိ အချို့သော
လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အသေအချာ တိတိကျကျ မသိရှိကြသေးပေ။ ထို့ကြောင့်
Samsung Galaxy S5 သုံးစွဲသူများ သတိမပြုမိသော သိထားသင့်သည့် လုပ်ဆောင်ချက် (၁၀)
ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) လက်ဗွေဖတ်စနစ်ဖြင့် ငွေပေးချေမှု ပြုလုပ်ခြင်း
iPhone 5S ကဲ့သို့ပင် Samsung Galaxy S5 တွင် built-in လက်ဗွေဖတ်စနစ် တစ်ခု ပါဝင်သည်။
သို့သော်လည်း iPhone နှင့် မတူသည်မှာ S5 ၏ လက်ဗွေဖတ်စနစ်သည် PayPal ကို အသုံးပြုကာ
ငွေပေးချေမှု ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် Galaxy S5 အသုံးပြုသူများသည် PayPal account
အချက်အလက်များကို ထည့်သွင်းခြင်းအစား လက်ချောင်းဖြင့် swipe လုပ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း
ငွေပေးချေမှု ပြုလုပ်နိုင်သည်။
လက်ဗွေဖတ်စနစ်ဖြင့် PayPal တွင် ငွေပေးချေမှု မပြုလုပ်ခင် လက်ဗွေများကို ထည့်သွင်းရန်
လိုအပ်သည်။ ထ့အို တွက် Notifications Drawer ကို ဆွဲချပြီး screen ညာဘက်ထိပ်ရှိ gear icon
ကိုနှိပ်ကာ Settings menu သို့သွားပါ။

Personalization section သို့သွားပြီး Finger Scanner ကို ရွေးပါ။ ပြီးလျှင် Fingerprint manager
option ကိုနှိပ်ပြီး ရှင်းလင်းချက်ကို agree လုပ်ပါ။


S5 ၏ home ခလုတ်တွင် လက်ချောင်းကို ၈ ကြိမ်တင်ပြီး မှတ်ပုံတင်ပါ။ ပြီးလျှင် backup password
တစ်ခု သတ်မှတ်ပါ။ S5 screen lock တွင်သာ fingerprint ကို အသုံးပြုလိုပါက OK ကိုနှိပ်ပြီး PayPal
account လုပ်ငန်းစဉ်တွင် cancel လုပ်ပါ။


PayPal ဖြင့် ချိတ်ဆက်လိုပါက Finger Scanner တွင် Pay with PayPal ခလုတ်ကို နှိပ်ပြီး
ပေါ်လာသည့် screen တွင် Link ကိုနှိပ်ပါ။ PayPal account ရှိပါက Link Fingerprint ကိုနှိပ်ပါ။


PayPal နှင့် သက်ဆိုင်သည့် အချက်အလက်ထည့်ပြီး Log In ကိုနှိပ်ပါ။


PayPal account နှင့် fingerprint ကို ချိတ်ဆက်ရန်အတွက် အစောပိုင်းက သတ်မှတ်ထားသည့်
လက်ချောင်းဖြင့် Home ခလုတ်ကို swipe လုပ်ပါ။ PayPal app ကို download ပြုလုပ်ခိုင်းပါက
download ပြုလုပ်ပြီး install လုပ်ပါ။


Install ပြုလုပ်ပြီးလျှင် PayPal app ကိုဖွင့်ပြီး screen ဘယ်ဘက်ထိပ်ရှိ P ခလုတ်ကိုနှိပ်ပါ။
Welcome menu ပေါ်လာသည့်အခါ Log In ကိုနှိပ်ပြီး account ကို log in ပြုလုပ်ပါ။ ထို့နောက်
Welcome menu သို့ပြန်သွားပြီး Settings ထဲက Login Options ခလုတ်ကိုနှိပ်ပါ။


Log in with drop-down box တွင် Fingerprint ကိုရွေးပါ။


ဒါဆိုရင် S5 ကနေ ငွေပေးချေမှုများအတွက် Home ခလုတ်ပေါ်တွင် လက်ချောင်းကိုတင်ပြီး PayPal
account ဖြင့် ငွေပေးချေနိုင်ပါပြီ။


(၂) App နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုခြင်း
Galaxy S5 ၏ အကောင်းဆုံး feature များတွင် app နှစ်ခုကို တစ်ပြိုင်နက် ဖွင့်နိုင်သည့် feature
လည်း ပါဝင်သည်။ Home screen ထိပ်ဘက်မှ swipe down လုပ်ပြီး screen ညာဘက်ထိပ်ရှိ
Settings icon ကိုနှိပ်ပါ။

Sound and Display မှ Multi window ကို ရွေးပါ။ Multi window ဘေးတွင် On ကို ရွေးပါ။ S5 ၏
Back ခလုတ်ကို ဖိထားပြီး Multi Window menu ကိုဖွင့်ပါ။ App တစ်ခု၏ screen ပေါ်တွင်
လက်ချောင်းဖြင့် အတန်ကြာ ဖိထားပြီး display ၏ အပေါ်ဘက်သို့ ဆွဲရွှေ့ပါ။ နောက်ထပ် app
တစ်ခုကို display ၏ အောက်ဘက်သို့ အလားတူ ဆွဲရွှေ့ပါ။


အသုံးပြုလိုသည့် app ကို မတွေ့ပါက ဘယ်ဘက်အောက်ထောင့်ရှိ Edit ခလုတ်ကိုနှိပ်ကာ
အလိုရှိသည့် app ကို ထည့်သွင်းနိုင်သည်။


(၃) Noticiation Panel ၏ Quick Settings ကို ပြင်ဆင်ခြင်း
Galaxy S5 ၏ Notification Drawer တွင် WiFi ဖွင့်ခြင်း၊ Bluetooth ပိတ်ခြင်း စသည်တို့ကို
အလျင်အမြန် ပြုလုပ်နိုင်သည့် Quick Settings option အချို့ပါဝင်သည်။ သို့ရာတွင် အဆိုပါ Quick
Settings တွင် default အနေဖြင့် မပါဝင်သည့် အရာများကို ပြင်ဆင်ထည့်သွင်းနိုင်သည်။
Quick Settings menu ကို ပြင်ဆင်ရန် Notifcation Drawer ကို အောက်သို့ဆွဲချပြီး
ညာဘက်ထောင့်နားရှိ Quick Settings icon ကိုနှိပ်ပါ။ ခဲတံပုံစံ icon ကိုနှိပ်ပြီး Notification panel
menu ကိုဖွင့်ပါ။

Active Buttons တွင် Notifications Drawer တွင်ရှိသည့် Quick Settings ခလုတ်များကို
ဖော်ပြထားသည်။ Available Buttons တွင် Quick Settings တွင် မပါဝင်သည့် ခလုတ်များကို
ပြသထားသည်။

Quick Settings ခလုတ်ကို ထည့်သွင်းရန် Available Buttons စာရင်းရှိ ခလုတ်တစ်ခုကို အတန်ကြာ
ဖိထားပြီး Active Buttons စာရင်းထံ ဆွဲရွှေ့ခြင်းဖြင့် ပြုလုပ်နိုင်သည်။ Quick Settings မှ
မလိုအပ်သည့် ခလုတ်ကိုလည်း Available Buttons ထံ အလားတူ ဆွဲရွှေ့ဖယ်ရှားနိုင်သည်။
(၄) လက်အိတ် ဝတ်ထားစဉ် screen ကို အသုံးပြုခြင်း
လက်အိတ် ဝတ်ဆင်ပြီး Galaxy S5 ကို အသုံးပြုသည့်အခါ အောက်ဖော်ပြပါ quick step အချို့ဖြင့်
သတ်မှတ်ပြီး လုပ်ဆောင်နိုင်သည်။
Notifications Drawer ကို ဆွဲချပြီး Settings icon ကိုနှိပ်ပါ။ Quick Settings tab တွင် Display
ကိုနှိပ်ပါ။

Screen ၏ အောက်ဘက်သို့ scroll လုပ်ပြီး Increase touch sensitivity ကို အမှန်ခြစ်လုပ်ပါ။


Home ခလုတ်ကိုနှိပ်ပါ။ ဒါဆိုရင် လက်အိတ်ဝတ်ထားစဉ်အတွင်း S5 ကို အသုံးပြုနိုင်ပါပြီ။
(၅) Power Saving Mode ဖြင့် ဘက်ထရီသက်တမ်း တိုးမြှင့်အသုံးပြုခြင်း
Galaxy S5 ၏ ဘက်ထရီ သက်တမ်းသည် ကြာမြင့်သော်လည်း ဘက်ထရီကုန်ခါနီး စမတ်ဖုန်းကို
ဆက်လက် အသုံးပြုလိုသူများ အနေဖြင့် Power Saving Mode နှင့် Ultra Power Saving Mode
တို့ကို enable လုပ်ကာ အသုံးပြုနိုင်သည်။


Settings ကိုဖွင့်ပြီး Quick Settings tab အောက်ရှိ Power saving ကိုနှိပ်ပါ။ S5 ၏
ဘက်ထရီသက်တမ်းကို တိုးမြှင့်လိုပါက Power saving mode ကိုနှိပ်ပြီး On ကို နှိပ်ပါ။ ၎င်းသည်
ဖုန်း၏ ပရိုဆက်ဆာ စွမ်းဆောင်ရည်ကို ကန့်သတ်ပြီး display frame rate နှင့် brightness level ကို
လျှော့ချပေးမည် ဖြစ်သည်။
ပြီးလျှင် Block background data ဘေးတွင် အမှန်ခြစ်လုပ်ပါ။ ၎င်းသည် Facebook ကဲ့သို့သော
သက်ဆိုင်ရာ app များမှ notification များ ဝင်ရောက်ခြင်းကို လက်ခံပေးမည် ဖြစ်သည်။


S5 ၏ display တွင် ရောင်စုံများဖြင့် ဖော်ပြခြင်းထက် အဖြူအမည်းဖြင့်သာ ဖော်ပြစေလိုပါက
Grayscale mode ကိုရွေးပါ။


မလုံလောက်သေးပါက Ultra Power Saving Mode ကို On လုပ်ပါ။ ၎င်းသည် display ကို
အဖြူအမည်းသို့ အလိုအလျောက် ပြောင်းလဲပေးပြီး ရိုးရှင်းသည့် home screen ဖြင့်
အသုံးပြုစေသောကြောင့် ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာစေမည် ဖြစ်သည်။


(၆) Settings menu မြင်ကွင်းကို ပြောင်းလဲခြင်း
ယခင်က Galaxy S3, Galaxy S4 တို့ကို သုံးစွဲဖူးသူများအနေဖြင့် Galaxy S5 ကို သုံးစွဲသည့်အခါ
Settings menu သစ်က အနည်းငယ် ရှုပ်ထွေးစေနိုင်သည်။ သို့သော်လည်း Settings menu ကို
အလွယ်တကူ အသုံးပြုနိုင်ရန် အတွက် ၎င်း၏မြင်ကွင်းကို ပြောင်းလဲနိုင်သည်။
Settings menu ကို ဖွင့်ပြီး screen ညာဘက်ထိပ်ရှိ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပါ။ View by
ကိုနှိပ်ပြီး အဆင်ပြေစေမည့် မြင်ကွင်းကို ရွေးချယ်ပါ။


(၇) Toolbox ဖြင့် favorite app များကို အသုံးပြုခြင်း
Galaxy S5 တွင် ပါဝင်သည့် Toolbox feature သည် သုံးစွဲသူ၏ favorite app ငါးခုအထိ
ရွေးချယ်ကာ screen ပေါ်တွင် expandable floating ခလုတ်တစ်ခုအနေဖြင့် ဖော်ပြပေးသည်။
Toolbox ကို အသုံးပြုရန်အတွက် Settings menu ကိုဖွင့်ပြီး Quick Settings tab အောက်ရှိ
Toolbox ကိုနှိပ်ပါ။ Screen ထိပ်ဘက်ရှိ Toolbox တွင် On ကိုနှိပ်ပါ။ ဖောက်ထွင်းမြင်နိုင်သည့်
ခလုတ်တစ်ခုနှင့် အစက် သုံးစက်ကို တွေ့မြင်ရပါမည်။


Toolbox ၏ default app ကို ပြောင်းလဲရန်အတွက် Edit ခလုတ်ကိုနှိပ်ပြီး အသုံးများသည့် app
ငါးခုကို ရွေးချယ် ထည့်သွင်းနိုင်သည်။


Toolbox ကို အသုံးပြုလိုသည့်အခါ အဖြူရောင် ခလုတ်ကိုနှိပ်ပြီး အသုံးများသည့် app ငါးခုကို ဖွင့်ကာ
အသုံးပြုနိုင်သည်။ ပြန်ပိတ်လိုပါက ၎င်း အဖြူရောင်ခလုတ်ကို ပြန်နှိပ်ပြီး ပြုလုပ်နိုင်သည်။


(၈) Data လုံခြုံမှုအတွက် Private Mode ကို အသုံးပြုခြင်း
S5 ပေါ်တွင် အရေးကြီးသည့် အချက်အလက်များ ရှိပါက Private Mode ကို အသုံးပြုသင့်သည်။
Private Mode ကို အသုံးပြုသည့်အခါ အရေးကြီးသည့် အချက်အလက်များကို မည်သူမှ မမြင်အောင်
ဖုံးကွယ်ပေးနိုင်သည်။
Private Mode ကို အသုံးပြုရန် Settings menu ကိုဖွင့်ပြီး Personalization tab ကို scroll down
လုပ်ကာ Private Mode ကိုနှိပ်ပါ။

Enable Private Mode ဘေးတွင် On ကို ပြောင်းလဲပါ။ ထို့နောက် onscreen ပေးမှ
လုပ်ဆောင်ချက်များအတိုင်း ပြုလုပ်ပါ။
ပြီးလျှင် Private Mode တွင်သာ တွေ့မြင်နိုင်မည့် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့်
စာရွက်စာတမ်းဖိုင်များကို ရွေးချယ်နိုင်ပါပြီ။
ထိုသို့ ရွေးချယ်ရန် အတွက် ဥပမာ ဓာတ်ပုံကို ရွေးချယ်လိုသည့်အခါ Gallery app ကိုဖွင့်ပြီး
ဓာတ်ပုံများကို ရွေးချယ်ရမည် ဖြစ်သည်။ ပြီးလျှင် screen ညာဘက်ထိပ်ရှိ Edit ခလုတ်ကိုနှိပ်ပြီး
Move to Private ကို နှိပ်ပါ။ ရွေးချယ်ထားသည့် ဓာတ်ပုံများကို S5 တွင် Private Mode ဖြင့်
အသုံးပြုမှသာ တွေ့မြင်နိုင်မည် ဖြစ်သည်။


(၉) ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် special effect များ ထည့်သွင်းခြင်း
Samsung Galaxy S5 တွင် အလွန်ကောင်းမွန်သည့် ကင်မရာပါဝင်သည်။ သို့သော်လည်း ၎င်း
ကင်မရာဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြောင်းလဲလိုသူများ အနေဖြင့် Shot & more setting
ဖြင့် ပြုလုပ်နိုင်သည်။
Camera app ကိုဖွင့်ပြီး screen ဘယ်ဘက်ခြမ်းရှိ Mode ခလုတ်ကို နှိပ်ပါ။ Shot & more ကို ရွေးပြီး
OK ကိုနှိပ်ပါ။

နောက်တစ်ကြိမ် ဓာတ်ပုံရိုက်သည့်အခါ ၁၀၀ ရာခိုင်နှုန်းအထိ ဖော်ပြသည့် progress bar တစ်ခုကို
တွေ့မြင်ရမည် ဖြစ်သည်။
၁၀၀ ရာခိုင်နှုန်း ပြည့်သွားသည့်နောက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ၌ Best Shot, Best Face,
Drama Shot, Eraser, Panning Shot စသည့် special editing feature များဖြင့် အသုံးပြုနိုင်ပါပြီ။


(၁၀) Screenshot ဖမ်းယူခြင်း
S5 တွင် screenshot ဖမ်းယူလိုသည့်အခါ power ခလုတ်နှင့် home ခလုတ်ကို တစ်ပြိုင်နက်ဖိ၍
ဖမ်းယူနိုင်သည်။
ဒီပိုစ့်လေးကို PDF စာအုပ်အဖြစ်သိမ်းထားချင်ရင် အောက်မှာဒေါင်းယူနိုင်ပါတယ်။


Credit=http://internetjournal.com.mm


သားကောင်းရတနာ(နည်းပညာ)

CD,DVD ခွေထဲကို သီချင်းများဘမ်းယူနည်း အဆင့်ဆင့်

CD,DVD ခွေထဲသို့ Ashampoo Burning Studio 2014 သုံးပြီး
မိစန္ဒီ ရဲ့ (ပစ်တိုင်းထောင်)စီးရီး Mp3 သီချင်းကို အခွေထဲသို့ ဘမ်းယူနည်းကို မသိသေးသူများအတွက် အသေးစိတ်ရေးတင်ပေးလိုက်ပါတယ် ပထမဆုံး လိုအပ်တာလေးတွေကို အရင်ဒေါင်းယူလိုက်ပါ
မိစန္ဒီ ရဲ့ (ပစ်တိုင်းထောင်)စီးရီး ကို (ဒီနေရာမှာ) ၀င်ရောက်ဒေါင်းယူနိုင်ပါတယ် ပြီးရင် Ashampoo Burning Studio 2014 ကို (ဒီနေရာမှာ) ဆိုတာကိုနိပ်ပြီးဒေါင်းယူနိုင်ပါတယ်။ ဒေါင်းပြီးရင်တော့ Ashampoo Burning Studio 2014 ကို Install လုပ်ပြီး ဖွင့်လိုက်ပါ အောက်ပုံအတိုင်း ပုံများသေးနေရင် ပုံကို ကလစ်ပြီးကြည့်နိုင်ပါတယ်

အပေါ်ပုံအတိုင်း Music/Create MP3 or WMA Disc ဆိုတာကိုရွေးပြီး နိပ်လိုက်ပါ။

အပေါ်ပုံမျှားထိုးပြထားတဲ့ Next ကို နိပ်ပြီးဆက်သွားပါ။

ပြီးရင် အပေါ်ပုံအတိုင်း Add ကိုနိပ်ပြီး ဒေါင်းပြီး သိမ်းထားတဲ့ မိမိဘမ်းယူမဲ့ Mp3 Format သီချင်းများကို ရွေးပေးရပါမယ် 

အပ်ါပုံအတိုင်း MP3 သီချင်းများ ကို Select All ပေးပြီး Add ကိုနိပ်ပြီးဆက်သွားပါ အောက်ပုံအတိုင်း..

ပြီးရင်အပေါ်ပုံမှာ ကြည့်ပါ အောက်နားလေးမှာ အနီရောင်မျှင်း ဆွဲပြထားပါတယ် 700 MB အထိ သီချင်းများထည့်သွင်းနိုင်ပါတယ် မိမိ အသုံးပြုတဲ့ CD အပေါ်မှာ မှုတည်ပါတယ် 700 MB ကျော်ရင်တော့ အနီရောင် ပြသွားပါမယ် 700 MB အထိပဲထည့်သွင်းလို့ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ မိစန္ဒီ ရဲ့ စီးရီး Album ကိုထည့်သွင်းပြီး ဘမ်းမှာ ဖြစ်တဲ့ အတွက် MB 80 ကျော်လောက်ပဲ ရှိပါတယ် ပြီးရင်တော့ Next Buttom လေးကို နိပ်ပြီး ဆက်သွားပါမယ်

ပြီးရင်တော့ Converting လုပ်နေပါမယ် 

Converting လုပ်ပြီးရင်တော့ အပေါ်ပုံအတိုင်း မျှားပြထားတဲ့ Open Tray ကိုနိပ်ပြီး cd drive မှာ CD သို့မဟုတ် DVD အသစ် တစ်ခွေကို ထည့်ပေးပြီး ပြန်ပိတ်ပေးလိုက်ပါ 

======================================။
အပေါ်ပုံ အတိုင်းဖြစ်သွားပြီး ဆိုရင်တော့ မျှားပြထားတဲ့ Write CD ဆိုတာလေးကို နိပ်ပေးလိုက်ပါ သူပါသူ Writing လုပ်နေပါမယ်။
Successfully ပြသွားရင်တော့ Ok ပေးပြီး cd drive မှ အခွေကိုယူပြီး VCD/DVD စက်ထဲထည့်သွင်းပြီး နားဆင်နိုင်ပါပြီ။ ဒီနည်းလေးကတော့ ရိုးရိုးရှင်းရှင်း အလွယ်ကူဆုံး ဘမ်းယူနည်းဖြစ်ပါတယ် တခြားဘမ်းနည်းတွေလဲ များစွာရှိပါသေးတယ်။ မသိသေးသူများအတွက် နားလည်မယ်လို့ မျှော်လင့်ပါတယ်။

သားကောင်းရတနာ(နည်းပညာ)

Facebook Profile Name ကို ရက်ပေါင်း ၆၀ စောင့်စရာမလိုပဲ ပြောင်းနည်း

Aung Ko Htet (MM IT Knowledge)
Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။ တစ်ချို့ ကို နာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေးသားထားပါတယ်။
အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။ အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကိုရက်ပေါင်း ၆၀ စောင့်စ ရာမ လိုပဲ ချက်ချင်း ပြောင်းလဲနည်းပါ။
ပထမဦးဆုံးသင့်ရဲ့ Porfile Name ကိုပြောင်းလဲရန်အတွက် Facebook ရဲ့ Account Setting ထဲကိုဝင်လိုက်ပါ။
ပြီးတဲ့နောက်မှာတော့ Facebook Profile Name ကိုပြောင်းလဲရန်အတွက် Name ရဲ့ Edit ကိုနှိပ်လိုက်ပါ။ အကယ်၍ သင်ဟာ Profile Name ကိုပြောင်းလဲခွင့်ရရှိတဲ့လူဆိုရင် Full Name ကို အလွယ် တကူ ပြောင်းခွင့် ရရှိနိုင်မှာဖြစ်ပြီး ပြောင်းလဲခွင့်မရှိတဲ့လူကတော့ Full Name ဆိုတဲ့ text box လေးက မှိန်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ အောက်မှာလည်း သင်ဟာ သင့်ရဲ့ Profile Name ကိုပြောင်း လဲပြီးသားဖြစ်နေတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၆၀ စောင့်ပြီးမှသာ ပြောင်းလဲခွင့်ရရှိမယ် ( " You can't change your name right now because you've already changed it within the last 60 days." ) လို့ရေးသားထားပါတယ်။
ဒီလို ရေးသားထားတဲ့ စာကြောင်းရဲ့ တစ်ဆက်တည်းမှာပဲ Learn more ဆိုတဲ့ စာသားလေးကိုတွေ့  ရပါ လိမ့်မယ်။ အဲ့ဒီ စာသားလေးကို နှိပ်လိုက်ပါ။
ပြီးတဲ့နောက်မှာတော့ Facebook က သူ့ရဲ့ Policy Rule တွေကို ရှင်ပြထားတဲ့စာတွေကို တွေ့ရပါ လိမ့်မယ်။  အဲ့ဒီ စာသားတွေရဲ့ အောက်နားမှာတော့ သင့်အနေနဲ့ alternate name ကို  Profile Name မှာ ထည့်သွင်းနိုင်တယ်ဆိုတဲ့ စာသားဖြစ်တဲ့ (You can also add an alternate name (ex: maiden name, nickname) to your profile. If your first and last name isn’t listed on your account and you’re unable to change it,) ဒီစာသားကိုတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ Let us know ဆိုတဲ့ စာသားလေးလဲ တွေ့ရပါလိမ့်မယ်။
အဲ့ဒီ တွေ့ရတဲ့ Let us Know စာသားလေးကို နှိပ်လိုက်ပါ။
အဲ့ဒါပြီးရင် Changing Your Name ဆိုတဲ့ Form လေးတစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီ form မှာ ကိုလိုချင်တဲ့ နာမည် First Name , Middle Name , Last Name နဲ့ Pick One ဆိုတဲ့ Choose Box မှာတော့ Other ကိုရွေးပေးလိုက်ပါ။
ဒါတွေပြီးရင် သင့်အတွက် အခက်ခဲဆုံး အပိုင်းရောက်လာပါပြီ။ အောက်နားမှာ Your ID ဆိုပြီး Choose Files လေး တစ်ခု တွေ့ရပါလိမ့်မယ်။ အဲ့ဒီ နေရာမှာတော့ သင့်ရဲ့ ဘာမှန်းမသိတဲ့ ID တွေလိုအပ်ပြီလို သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ အရမ်း အာရုံမနောက်သွားပါနဲ့။ သင့်ရဲ့ လက်ရှိတင်ထားတဲ့ Porfile Photo ကို သင့်ကွန်ပျူတာ တွင် save လိုက်ပြီး Changing Your Name ဆိုတဲ့ form ရဲ့ Choose Files လေးမှာ ထည့်ပေးလိုက်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ ညာဘက်ထောင့်နားက Send ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ သင့်ရဲ့ Facebook Profile Name ကို စက္ကန့်ပိုင်းအတွင်းရရှိတာကို သင်မြင်တွေ့ရပါလိမ့်မည်။
Facebook User အားလုံး Profile Name တွေ စိတ်ကြိုက်ပြောင်းလဲ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..
Aung Ko Htet (www.mmitknowledge.com)
Please visit my Facebook Fan Page :  www.facebook.com/mmitknowledge/
Thank You !!! 
 
သားကောင်းရတနာ(နည်းပညာ)

Twitter Delicious Facebook Digg Stumbleupon Favorites More