လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Thursday 22 January 2015

ဘောလုံးဝါသနာရှင်များအတွက် FIFA 15 Ultimate Team Game (997 MB) For Android

ဘောလုံးဝါသနာရှင်များအတွက် Version အသစ်ထွက်ရှိလာတဲ့ FIFA 15 Ultimate Team ဂိမ်းအလန်းလေးဖြစ်ပါတယ် ကစားလို့ ကောင်းတဲ့ ဂိမ်းလေးပါ လူတိုင်းသိပြီးသားဖြစ်မှာပါ ဒီဂိမ်းလေးကို ကစားဖို့ အင်တာနက် ကွန်နရှင် ရှိဖို့လိုပါမယ် အောက်မှာ ပေးထားတဲ့  FIFA 15 UT apk နဲ့ Obb Data ကိုအရင် ဒေါင်းယူပါ ဖိုင်ဆိုဒ်က နည်းနည်းကြီးပါတယ် နှစ်ခုပေါင်း 997 MB ရှိပါတယ် ဒေါင်းပြီးရင် FIFA 15 UT apk ကိုအရင် Install လုပ်ပါ ပြီးရင် Obb Data ဖိုင် FIFA15UT ဆိုတဲ့ Winrar zip ဖိုင်ကိုဖြည်ချပြီး အထဲမှ com.ea.game.fifa15_row ဆိုတဲ့ Folder ကို ဖုန်းရဲ့ My File / SdCard0 (သို့) exSdCard ထဲမှ Android / obb Folder ထဲကို Copy ယူပြီး ထည့်ပေးလိုက်ပါ အကယ်၍ သင့်ဖုန်းထဲမှာ obb Folder မရှိပါက အသစ်တည်ဆောက်ပါ ပြီးရင်တော့ အင်တာနက် ဖွင့်ပြီး ကစားလို့ရပါပြီ Android ဗားရှင်း 2.3.3 နဲ့အထက်ဖုန်းများမှ အသုံးလို့ရပြီး စိတ်ဝင်စားသူတွေအောက်မှာ ဒေါင်းယူနိုင်ပါပြီ။









သားကောင်းရတနာ(နည်းပညာ)

Android V-4.4 , 4.3 , 4.2.2 , 4.1.X ဖုန်းများအတွက် Gapp Installer For Pc

Android Version 4.4 , 4.3 , 4.2.2 , 4.1.X ဖုန်းများအတွက် Google App ထည့်သွင်းပေးမဲ့ Gapp Installer လေးဖြစ်ပါတယ် ဒီ tool လေးကို Myanaungtharr Phyogyi ကအဆင်ပြေလွယ်ကူစေရန် ရေးသားထားတာဖြစ်ပါတယ် လိုအပ်သူတွေ အောက်မှာ ဒေါင်းယူနိုင်ပါပြီ။


Created by Myanaungtharr Phyogyi

သားကောင်းရတနာ(နည်းပညာ)

ဘယ်လို ADB service မျိုးကို မဆို သန့်ရှင်းရေးလုပ်ပေးနိုင်တဲ့ ADB Cleaner

ဘယ်လို ADB service မျိုးကို မဆို သန့်ရှင်းရေးလုပ်ပေးနိုင်အောင် ထုတ်ထားပါတယ်
ADB did not act ဘာညာသာရကာ error တွေ အကုန်ရှင်းပေးမှာပါ
Android PC တစ်ချို.ကိုProcess Tree ကနေ အမြစ်ပြတ်ရှင်းပေးပါတယ်
လိုအပ်သူတွေ အောက်မှာ ဒေါင်းယူပါ။

developed by Phyo Nyi Nyi



သားကောင်းရတနာ(နည်းပညာ)

All Nexus ဖုန်းများအတွက် All In One Toolkit V 1.8.8

Nexus ဖုန်းများအတွက် All In One အသုံးပြုလို့ရတဲ့ Nexus Root Toolkit Installer ကိုတင်ပေးလိုက်ပါတယ် သူ့ရဲ့ လုပ်ဆောင်နိုင်တာတွေကတော့...
Backup-Restore/Unlock/Root-UnRoot/Flash Stock/Soft-bricked/Bootloop/OEM Lock စသည်တို့ဖြေရှင်းအသုံးပြုနိုင်ပြီး တခြားလုပ်ဆောင်ချက်တွေလဲ ပါဝင်ပြီး phone service သမားတွေဆောင်ထားသင့်တဲ့ Tool လေးတစ်ခုဖြစ်ပါတယ် အောက်မှာ သူ Support ပေးတဲ့ Model တစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်.....

Supported Nexus devices:
· Galaxy Nexus: GSM Models (both yakju and non-yakju builds)
· Galaxy Nexus: CDMA/LTE Verizon Models
· Galaxy Nexus: CDMA/LTE Sprint Models
· Nexus S: Worldwide, i9020t and i9023 Models
· Nexus S: 850MHz, i9020a Models
· Nexus S: Korea, m200 Models
· Nexus S 4G: d720 Models
· Nexus 7: Asus Tablet
· Nexus 7 3G: Asus Tablet
· Nexus 7 v2 (2013): Asus Tablet
· Nexus 7 v2 (2013) LTE: Asus Tablet
· Nexus 10: Samsung Tablet
· Nexus 4: LG Phone
· Nexus 5: LG Phone

အသုံးပြုလိုအပ်သူတွေ အောက်မှာဒေါင်းယူနိုင်ပါပြီ။





သားကောင်းရတနာ(နည်းပညာ)

On-Screen Keyboard Portable For Pc (323.64kb)

Pc/Laptop တွေအတွက် အလန်းလေးတစ်ခုဖြစ်တဲ့ On-Screen Keyboard လေးဖြစ်ပါတယ် ကွန်ပြူတာ ကီးဘုတ် လက်ကွက် မသိသေးသူတွေ။ခုမှ ကွန်ပြူတာ စသုံးတဲ့ User တွေအဆင်ပြေစေမှာဖြစ်ပါတယ် စာရိုက်တဲ့အခါ Screen ပေါ်မှာ တင်ထားပြီး ရိုက်ယူလို့ရတဲ့ အတွက် ပိုပြီးမှတ်မိလွယ်ကူစေတဲ့ အပြင် Portable Version လေးဖြစ်တဲ့ အတွက် Install လုပ်စရာမလိုပဲ double click နဲ့ Run ရုံနဲ့ အသင့်အသုံးပြုလို့ရမှာဖြစ်ပါတယ် ဖိုင်ဆိုဒ်က 323.64kb လေးပဲရှိပြီး လိုအပ်သူတွေ ဒေါင်းယူနိုင်ပါပြီ။



သားကောင်းရတနာ(နည်းပညာ)

A13 tablet တွေကို SDကဒ်နဲ့ Firmware တင်တဲ့နည်း

 
 
A13 tablet တွေကို SDကဒ်နဲ့ Firmware တင်တဲ့နည်းလေးပါ


PhoenixCard v3.06 ကို ဒေါင်းပါ

ရလာတဲ့ zip ကိုဖြည် ပြီ်း PhoenixCard  v3.06  Folder ထဲးက

PhoenixCard ကိုRun ပါ




SDကဒ်ကို format ချပြီး Computer မှာ တပ်ထာပါ

DickCheck မှာ devices တတ်လာရင် img file ကိုရွေးပေးပါ
ပြီးရင် format to normal ကိုနှိပ်ပါ ခဏစာင့်ပါ

Burn ကို နှိပ်ပါ
 


 
အပြာရောင် အတန်းလေး ပြည့်ရင် SDကဒ်ကို ဖြုတ်ပြီး tablet မှာ တပ်ပြီး ပါဝါ ဖွင့်လိုက်ရင်
ဒီလိုလေးပေါ်လာမယ်...




အတန်းပြည့်သွားရင် Firmware တင်တာပြီးပါပြီး
img file ကတော့ ကိုယ့် ဗာရှင်းနဲ့ ကိုယ်ရှာဒေါင်းပေါ့



REf:   MPX  Tem
သားကောင်းရတနာ(နည်းပညာ)

G730-U00 Flash All Fastboot Firmware B151




G730-U00 dload ကလည်း တင်မရ Flashtool ကလည်း error တက်လို့ မရတဲ့ အဆုံး ကျနော် ကြံမိကြံရာလေး ကြံထားတာပါ

Fastboot ၀င်ပြီး update all bat လေး Run လိုက်ရုံနဲ့ firmware တင်သွားမှာပါ

ကျနော် နှစ်လုံးစမ်းထားပြီးပါပြီ အဆင်ပြေလို့ Share လိုက်တာပါ

ညီအကိုများအားလုံး အဆင်ပြေကြပါစေ

သင်ဆရာ မြင်ဆရာ ဆရာများအားလုံးကို အစဉ်လေးစားလျှက်



http://www.mediafire.com/download/dz4wdlhbt0ce5da/G730-U00+Flash+All+Fastboot+Firmware+B151.rar
 
Credit=Phyothura Maung
 
သားကောင်းရတနာ(နည်းပညာ)

Sunday 19 October 2014

System Shutdown ကျသွားနိုင်တဲ့အချက်အချို့......

System Shutdown ကျသွားနိုင်တဲ့အချက်အချို့......
ကျွန်တော်တို့ ကွန်ပျူတာ Operation System တစ်ခု ရုတ်တရက်
Shutdown ကျသွားတယ်ဆိုရင် အများစုကအထင်မျိုးမျိုးနှင့်ဆုံးဖြတ်
တတ်ကြပါတယ်။ပုံမှန်အားဖြင့် Normal Decided တွေကတော့ CPU
Over heat, Electricity Un-stable, Bad Powersupply စသဖြင့်
ဆုံးဖြတ်ပြီး အဖြေရှာကြပါတယ်။ အခုကျွန်တော်ပြောမှာလေးတွေက
တော့ အချက်အလက်အချို့နဲ့ တစ်ခုချင်းစီပြောပြပါမယ်။
IRQ Conflict
IRQ ဆိုတာကတော့  Hardware သမားတိုင်းအလွယ်တကူသိနိုင်မှာပါ။
Interrupt Request Channel ဆိုတာကတော့ မိမိကွန်ပျူတာရဲ့ Device
တိုင်းမှာ သက်ဆိုင်ရာ Port Channel တွေရှိပါတယ်။ ဆိုလိုတာကတော့
Keyboard ဆိုရင် သူ့ရဲ့ IRQ နံပါတ်က 1 ဖြစ်ပြီး ၊ Printer ဆိုရင် IRQ7
Mouse ဆိုရင် IRQ12 စသဖြင့် သက်ဆိုင်ရာ Channel နံပါတ်တွေနဲ့ လုပ်
ဆောင်ကြတာဖြစ်ပါတယ်။ မိမိကွန်ပျူတာထဲမှာ ဘယ် Devices ကဘယ်
IRQ လည်းဆိုတာကိုသိနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့ Run Box
ထဲကနေပြီးတော့ “devmgmt.msc” ဆိုပြီး Device Manager ကိုရိုက်
လိုက်ပါမယ်။



ထို့နောက်တော့ View Tab ထဲကနေပြီးတော့လက်ရှိ Devices by type
ဆိုတာကနေ Resources by type ဆိုတာကိုပြောင်းလိုက်ပါမယ်။

ထို့နောက်တော့ Interrupt request (IRQ) ဆိုတဲ့နေရာမှာနှိပ်လိုက်ပြီး
မိမိ System မှာမည်သည့် Devices က ဘယ် Channel Port တွေနဲ့
အလုပ်လုပ်နေသလည်းဆိုတာသိနိုင်ပါတယ်။ တစ်ခါတစ်လေ ထိုအထဲ
က Channel တွေတူညီနေတဲ့အခါမျိုးမှာလည်း System ကရုတ်တရက်
Shutdown ကျသွားတတ်ပါတယ်။ ဘယ်လိုအနေအထားမှာ Conflict
ဖြစ်တတ်သလည်းဆိုတော့ External Mouse, Kayboard, NIC စသည်
တို့ ထပ်မံ Extend လုပ်ပြီးသုံးစွဲတဲ့အခါမျိုးမှာလည်း Conflict ဖြစ်တတ်
ပါတယ်။
Bad RAM
OMG! ဒါကတော့ အဓိကပြဿနာတွေထဲကတစ်ခုပါပဲ။ အများစုဖြစ်တတ်
တဲ့ Blue Screen of Death ဖြစ်တတ်တာက ဒီပြဿနာများပါတယ်။ အ
ကြောင်းမူကား ကျွန်တော်တို့ Random Access Memory မှာ တစ်ကယ်
အလုပ်လုပ်တာက GHz နဲ့အလုပ်လုပ်ပါတယ်။ အဲဒီ GHz နဲ့အလုပ်လုပ်
တယ်ဆိုတာကလည်း  Seconds အရဆိုရင် Nano Second တွေနဲ့အလုပ်
လုပ်တာပါ။ ဥပမာ- 70ns နဲ့ အလုပ်လုပ်နေတဲ့ Memory က သက်တမ်း
ကြာလာတာနဲ့အမျှ၊ သို့မဟုတ် RAM Slot နဲ့ RAM Stick တိုကအကြား
Dusty ဖြစ်လာတယ်ဆိုရင်လည်း ns တွေကကျဆင်လာပြီး စက်ကိုရုတ်
တရက်ရပ်တန့်သွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ RAM copper
Pin တွေနဲ့ Band တွေကို သန့်စင်အောင်လုပ်ပြီး Replacement ပြန်
လုပ်ပေးရပါတယ်။ အကောင်းဆုံးသန့်စင်ပစ္စည်းကတော့ Eraser (ခဲဖျက်)
သို့မဟုတ် A4 Paper Plain သန့်စင်သော စက္ကူစတို့ဖြင့် ကြေးပြားလေး
တွေကိုပွတ်တိုက်ပေးရပါတယ်။ ဒီနေရာမှာ အရေးကြီးမှာစရာရှိတာကတော့
ကြေးပြားလေးတွေကိုပွတ်တိုက်တဲ့အချိန်မှာသတိထားရပါမယ်။ ဘာကြောင့်
လည်းဆိုတော့ ၄င်းတို့က ကြာလာတာနဲ့အမျှ Processing များလာမှုကြောင့်
Heat တက်ပြီး ကြွတက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုအနေအထားမှာ
သင်ဟာ အသာအယာ ပွတ်တိုက်မှုမဟုတ်ပဲ၊ ကြမ်းတမ်းစွာလုပ်ဆောင်မယ်
ဆိုရင် ကြေးပြားလေးတွေကွာသွားပြီး သုံးမရအောင်ဖြစ်တတ်ပါတယ်။
Hard Disc Error
ရုတ်တရက် BOSO ဖြစ်တတ်တဲ့ ပြဿနာထဲမှာ ဒီအကောင်ကလည်းဒုတိ
ယအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တာလည်းဆိုတော့
ပထမအချက်က Casing ထဲမှာ ဖုန်မှုတ်များနေခြင်း၊ HDD Arm Crunk
ဖြစ်ထားခြင်း၊ Cable Loose ဖြစ်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။ HDD
Arm Crunk ဘယ်အချိန်မှာဖြစ်တတ်သလည်းဆိုတော့ ကျွန်တော်တို့ပုံ
မှန် HDD မှာ သူ့ရဲ့ RPM က IDE တွေမှာဆို 5400 rpm ရှိပြီး SATA
တွေမှာဆိုရင်တော့ 7200 rpm ရှိပါတယ်။ ဒီလိုမျိုး တစ်မိနစ်မှာလည်နေ
တဲ့ အပတ်အရည်အတွက် 5400 တို့ 7200 တို့က ရုတ်တရက် လျှပ်စစ်
ဓာတ်ပြတ်တောက်သွားတဲ့အခါမှာ Platter နဲ့ Arm က ညိသွားတဲ့အခါ
မျိုးမှာ Bad Sector ဖြစ်သွားတတ်ပါတယ်။ ဆိုလိုတာကတော့ Physical
Error ပေါ့.. ဒီလို Bad Sector တွေများလာတဲ့အခါမျိုးမှာဘာတွေဖြစ်
တတ်သလည်းဆိုတော့ Window Operation System က Run နေပေ
မယ့်လည်း Performance ကျတတ်ပါတယ်။ ဆိုလိုတာက Drive Letter
တွေကိုဖွင့်ရင် ကြာနေတာမျိုးတွေ Data တွေကော်ပီကူးတဲ့အခါကြာတာ
မျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့် HDD ကိုလည်း Cable Connection
တွေကိုစစ်ဆေးရပါမယ်။ Cable တွေကောင်းသလား၊ Connector တွေ
ကောင်းသလားဆိုတာကိုစစ်ပြီး Replacement ပြန်လုပ်ပေးရပါမယ်။
OE Exceptions and VXD Errors
OE Exception and VXD Error ဆိုတာကတော့အဓိကကတော့
Video Card Error ပဲဖြစ်ပါတယ်။ ဒီလိုအနေအထားမှာဖြစ်တယ်
ဆိုရင်တော့ အများစုက VGA (Video Graphic Array) ကြွသွား
တာများပါတယ်။ဒါကလည်း သင်မြင်ရတဲ့ BOSO ရဲ့ Code မှာ
VGA ကိုရည်ညွန်းမှပါ။ Build In VGA ဆိုရင်တော့ PCI Express
Card ကိုထည့်စိုက်ပြီးသုံးသင့်ပါတယ်။ Sprit Board ဆို၇င်လည်း
လက်ရှိ တပ်ထားတဲ့ VGA Card ကိုလည်းပြီးသုံးသင့်ပါတယ်။
အချို့က ရှိပါတယ်။ MB (Mother Board) ပေါ်မှာလည် On
Board VGA ပါပါတယ်။ ဒါပေမယ့် ထိုပါတဲ့ On Board ရဲ့ VGA
Size ကိုထပ်တိုးသုံးချင်တဲ့အတွက်ကြောင့် PCI Card တွေစိုက်ပြီး
ထပ်သုံးကြပါတယ်။ အထူးသဖြင့် Game ဆိုင်တွေပေါ့....ဒီအခါမှာ
အပေါ်မှာပြောတဲ့ IRQ Conflict ဖြစ်ခြင်းမျိုးတွေဖြစ်ပြီး System
Shutdown ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ အများစု သတိမထားမိတဲ့အချက်လေးတွေလည်းပါ
ပါတယ်။ Computer Service သမားလုပ်မယ်ဆိုရင်တော့ အတွေ့
အကြုံများမှဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ အများ
စုကို ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာလေးတွေကိုတင်
ပေးပြီး အချိန်တိုအတွင်း တက်မြောက်စေရန်ရည်ရွယ်လိုက်ပါတယ်။
လေးစားစွာဖြင့်
 
Credit=CristianoZarni@ဦးဇာနည်
 
သားကောင်းရတနာ(နည်းပညာ)

Galaxy S5 အသုံးပြုသူများ သိထားသင့်သည့် အချက် (၁၀) ချက်


Samsung Galaxy S5 သုံးစွဲသူ အများစုသည် ၎င်းတို့၏ စမတ်ဖုန်းရှိ အချို့သော
လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အသေအချာ တိတိကျကျ မသိရှိကြသေးပေ။ ထို့ကြောင့်
Samsung Galaxy S5 သုံးစွဲသူများ သတိမပြုမိသော သိထားသင့်သည့် လုပ်ဆောင်ချက် (၁၀)
ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) လက်ဗွေဖတ်စနစ်ဖြင့် ငွေပေးချေမှု ပြုလုပ်ခြင်း
iPhone 5S ကဲ့သို့ပင် Samsung Galaxy S5 တွင် built-in လက်ဗွေဖတ်စနစ် တစ်ခု ပါဝင်သည်။
သို့သော်လည်း iPhone နှင့် မတူသည်မှာ S5 ၏ လက်ဗွေဖတ်စနစ်သည် PayPal ကို အသုံးပြုကာ
ငွေပေးချေမှု ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် Galaxy S5 အသုံးပြုသူများသည် PayPal account
အချက်အလက်များကို ထည့်သွင်းခြင်းအစား လက်ချောင်းဖြင့် swipe လုပ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း
ငွေပေးချေမှု ပြုလုပ်နိုင်သည်။
လက်ဗွေဖတ်စနစ်ဖြင့် PayPal တွင် ငွေပေးချေမှု မပြုလုပ်ခင် လက်ဗွေများကို ထည့်သွင်းရန်
လိုအပ်သည်။ ထ့အို တွက် Notifications Drawer ကို ဆွဲချပြီး screen ညာဘက်ထိပ်ရှိ gear icon
ကိုနှိပ်ကာ Settings menu သို့သွားပါ။

Personalization section သို့သွားပြီး Finger Scanner ကို ရွေးပါ။ ပြီးလျှင် Fingerprint manager
option ကိုနှိပ်ပြီး ရှင်းလင်းချက်ကို agree လုပ်ပါ။


S5 ၏ home ခလုတ်တွင် လက်ချောင်းကို ၈ ကြိမ်တင်ပြီး မှတ်ပုံတင်ပါ။ ပြီးလျှင် backup password
တစ်ခု သတ်မှတ်ပါ။ S5 screen lock တွင်သာ fingerprint ကို အသုံးပြုလိုပါက OK ကိုနှိပ်ပြီး PayPal
account လုပ်ငန်းစဉ်တွင် cancel လုပ်ပါ။


PayPal ဖြင့် ချိတ်ဆက်လိုပါက Finger Scanner တွင် Pay with PayPal ခလုတ်ကို နှိပ်ပြီး
ပေါ်လာသည့် screen တွင် Link ကိုနှိပ်ပါ။ PayPal account ရှိပါက Link Fingerprint ကိုနှိပ်ပါ။


PayPal နှင့် သက်ဆိုင်သည့် အချက်အလက်ထည့်ပြီး Log In ကိုနှိပ်ပါ။


PayPal account နှင့် fingerprint ကို ချိတ်ဆက်ရန်အတွက် အစောပိုင်းက သတ်မှတ်ထားသည့်
လက်ချောင်းဖြင့် Home ခလုတ်ကို swipe လုပ်ပါ။ PayPal app ကို download ပြုလုပ်ခိုင်းပါက
download ပြုလုပ်ပြီး install လုပ်ပါ။


Install ပြုလုပ်ပြီးလျှင် PayPal app ကိုဖွင့်ပြီး screen ဘယ်ဘက်ထိပ်ရှိ P ခလုတ်ကိုနှိပ်ပါ။
Welcome menu ပေါ်လာသည့်အခါ Log In ကိုနှိပ်ပြီး account ကို log in ပြုလုပ်ပါ။ ထို့နောက်
Welcome menu သို့ပြန်သွားပြီး Settings ထဲက Login Options ခလုတ်ကိုနှိပ်ပါ။


Log in with drop-down box တွင် Fingerprint ကိုရွေးပါ။


ဒါဆိုရင် S5 ကနေ ငွေပေးချေမှုများအတွက် Home ခလုတ်ပေါ်တွင် လက်ချောင်းကိုတင်ပြီး PayPal
account ဖြင့် ငွေပေးချေနိုင်ပါပြီ။


(၂) App နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုခြင်း
Galaxy S5 ၏ အကောင်းဆုံး feature များတွင် app နှစ်ခုကို တစ်ပြိုင်နက် ဖွင့်နိုင်သည့် feature
လည်း ပါဝင်သည်။ Home screen ထိပ်ဘက်မှ swipe down လုပ်ပြီး screen ညာဘက်ထိပ်ရှိ
Settings icon ကိုနှိပ်ပါ။

Sound and Display မှ Multi window ကို ရွေးပါ။ Multi window ဘေးတွင် On ကို ရွေးပါ။ S5 ၏
Back ခလုတ်ကို ဖိထားပြီး Multi Window menu ကိုဖွင့်ပါ။ App တစ်ခု၏ screen ပေါ်တွင်
လက်ချောင်းဖြင့် အတန်ကြာ ဖိထားပြီး display ၏ အပေါ်ဘက်သို့ ဆွဲရွှေ့ပါ။ နောက်ထပ် app
တစ်ခုကို display ၏ အောက်ဘက်သို့ အလားတူ ဆွဲရွှေ့ပါ။


အသုံးပြုလိုသည့် app ကို မတွေ့ပါက ဘယ်ဘက်အောက်ထောင့်ရှိ Edit ခလုတ်ကိုနှိပ်ကာ
အလိုရှိသည့် app ကို ထည့်သွင်းနိုင်သည်။


(၃) Noticiation Panel ၏ Quick Settings ကို ပြင်ဆင်ခြင်း
Galaxy S5 ၏ Notification Drawer တွင် WiFi ဖွင့်ခြင်း၊ Bluetooth ပိတ်ခြင်း စသည်တို့ကို
အလျင်အမြန် ပြုလုပ်နိုင်သည့် Quick Settings option အချို့ပါဝင်သည်။ သို့ရာတွင် အဆိုပါ Quick
Settings တွင် default အနေဖြင့် မပါဝင်သည့် အရာများကို ပြင်ဆင်ထည့်သွင်းနိုင်သည်။
Quick Settings menu ကို ပြင်ဆင်ရန် Notifcation Drawer ကို အောက်သို့ဆွဲချပြီး
ညာဘက်ထောင့်နားရှိ Quick Settings icon ကိုနှိပ်ပါ။ ခဲတံပုံစံ icon ကိုနှိပ်ပြီး Notification panel
menu ကိုဖွင့်ပါ။

Active Buttons တွင် Notifications Drawer တွင်ရှိသည့် Quick Settings ခလုတ်များကို
ဖော်ပြထားသည်။ Available Buttons တွင် Quick Settings တွင် မပါဝင်သည့် ခလုတ်များကို
ပြသထားသည်။

Quick Settings ခလုတ်ကို ထည့်သွင်းရန် Available Buttons စာရင်းရှိ ခလုတ်တစ်ခုကို အတန်ကြာ
ဖိထားပြီး Active Buttons စာရင်းထံ ဆွဲရွှေ့ခြင်းဖြင့် ပြုလုပ်နိုင်သည်။ Quick Settings မှ
မလိုအပ်သည့် ခလုတ်ကိုလည်း Available Buttons ထံ အလားတူ ဆွဲရွှေ့ဖယ်ရှားနိုင်သည်။
(၄) လက်အိတ် ဝတ်ထားစဉ် screen ကို အသုံးပြုခြင်း
လက်အိတ် ဝတ်ဆင်ပြီး Galaxy S5 ကို အသုံးပြုသည့်အခါ အောက်ဖော်ပြပါ quick step အချို့ဖြင့်
သတ်မှတ်ပြီး လုပ်ဆောင်နိုင်သည်။
Notifications Drawer ကို ဆွဲချပြီး Settings icon ကိုနှိပ်ပါ။ Quick Settings tab တွင် Display
ကိုနှိပ်ပါ။

Screen ၏ အောက်ဘက်သို့ scroll လုပ်ပြီး Increase touch sensitivity ကို အမှန်ခြစ်လုပ်ပါ။


Home ခလုတ်ကိုနှိပ်ပါ။ ဒါဆိုရင် လက်အိတ်ဝတ်ထားစဉ်အတွင်း S5 ကို အသုံးပြုနိုင်ပါပြီ။
(၅) Power Saving Mode ဖြင့် ဘက်ထရီသက်တမ်း တိုးမြှင့်အသုံးပြုခြင်း
Galaxy S5 ၏ ဘက်ထရီ သက်တမ်းသည် ကြာမြင့်သော်လည်း ဘက်ထရီကုန်ခါနီး စမတ်ဖုန်းကို
ဆက်လက် အသုံးပြုလိုသူများ အနေဖြင့် Power Saving Mode နှင့် Ultra Power Saving Mode
တို့ကို enable လုပ်ကာ အသုံးပြုနိုင်သည်။


Settings ကိုဖွင့်ပြီး Quick Settings tab အောက်ရှိ Power saving ကိုနှိပ်ပါ။ S5 ၏
ဘက်ထရီသက်တမ်းကို တိုးမြှင့်လိုပါက Power saving mode ကိုနှိပ်ပြီး On ကို နှိပ်ပါ။ ၎င်းသည်
ဖုန်း၏ ပရိုဆက်ဆာ စွမ်းဆောင်ရည်ကို ကန့်သတ်ပြီး display frame rate နှင့် brightness level ကို
လျှော့ချပေးမည် ဖြစ်သည်။
ပြီးလျှင် Block background data ဘေးတွင် အမှန်ခြစ်လုပ်ပါ။ ၎င်းသည် Facebook ကဲ့သို့သော
သက်ဆိုင်ရာ app များမှ notification များ ဝင်ရောက်ခြင်းကို လက်ခံပေးမည် ဖြစ်သည်။


S5 ၏ display တွင် ရောင်စုံများဖြင့် ဖော်ပြခြင်းထက် အဖြူအမည်းဖြင့်သာ ဖော်ပြစေလိုပါက
Grayscale mode ကိုရွေးပါ။


မလုံလောက်သေးပါက Ultra Power Saving Mode ကို On လုပ်ပါ။ ၎င်းသည် display ကို
အဖြူအမည်းသို့ အလိုအလျောက် ပြောင်းလဲပေးပြီး ရိုးရှင်းသည့် home screen ဖြင့်
အသုံးပြုစေသောကြောင့် ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာစေမည် ဖြစ်သည်။


(၆) Settings menu မြင်ကွင်းကို ပြောင်းလဲခြင်း
ယခင်က Galaxy S3, Galaxy S4 တို့ကို သုံးစွဲဖူးသူများအနေဖြင့် Galaxy S5 ကို သုံးစွဲသည့်အခါ
Settings menu သစ်က အနည်းငယ် ရှုပ်ထွေးစေနိုင်သည်။ သို့သော်လည်း Settings menu ကို
အလွယ်တကူ အသုံးပြုနိုင်ရန် အတွက် ၎င်း၏မြင်ကွင်းကို ပြောင်းလဲနိုင်သည်။
Settings menu ကို ဖွင့်ပြီး screen ညာဘက်ထိပ်ရှိ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပါ။ View by
ကိုနှိပ်ပြီး အဆင်ပြေစေမည့် မြင်ကွင်းကို ရွေးချယ်ပါ။


(၇) Toolbox ဖြင့် favorite app များကို အသုံးပြုခြင်း
Galaxy S5 တွင် ပါဝင်သည့် Toolbox feature သည် သုံးစွဲသူ၏ favorite app ငါးခုအထိ
ရွေးချယ်ကာ screen ပေါ်တွင် expandable floating ခလုတ်တစ်ခုအနေဖြင့် ဖော်ပြပေးသည်။
Toolbox ကို အသုံးပြုရန်အတွက် Settings menu ကိုဖွင့်ပြီး Quick Settings tab အောက်ရှိ
Toolbox ကိုနှိပ်ပါ။ Screen ထိပ်ဘက်ရှိ Toolbox တွင် On ကိုနှိပ်ပါ။ ဖောက်ထွင်းမြင်နိုင်သည့်
ခလုတ်တစ်ခုနှင့် အစက် သုံးစက်ကို တွေ့မြင်ရပါမည်။


Toolbox ၏ default app ကို ပြောင်းလဲရန်အတွက် Edit ခလုတ်ကိုနှိပ်ပြီး အသုံးများသည့် app
ငါးခုကို ရွေးချယ် ထည့်သွင်းနိုင်သည်။


Toolbox ကို အသုံးပြုလိုသည့်အခါ အဖြူရောင် ခလုတ်ကိုနှိပ်ပြီး အသုံးများသည့် app ငါးခုကို ဖွင့်ကာ
အသုံးပြုနိုင်သည်။ ပြန်ပိတ်လိုပါက ၎င်း အဖြူရောင်ခလုတ်ကို ပြန်နှိပ်ပြီး ပြုလုပ်နိုင်သည်။


(၈) Data လုံခြုံမှုအတွက် Private Mode ကို အသုံးပြုခြင်း
S5 ပေါ်တွင် အရေးကြီးသည့် အချက်အလက်များ ရှိပါက Private Mode ကို အသုံးပြုသင့်သည်။
Private Mode ကို အသုံးပြုသည့်အခါ အရေးကြီးသည့် အချက်အလက်များကို မည်သူမှ မမြင်အောင်
ဖုံးကွယ်ပေးနိုင်သည်။
Private Mode ကို အသုံးပြုရန် Settings menu ကိုဖွင့်ပြီး Personalization tab ကို scroll down
လုပ်ကာ Private Mode ကိုနှိပ်ပါ။

Enable Private Mode ဘေးတွင် On ကို ပြောင်းလဲပါ။ ထို့နောက် onscreen ပေးမှ
လုပ်ဆောင်ချက်များအတိုင်း ပြုလုပ်ပါ။
ပြီးလျှင် Private Mode တွင်သာ တွေ့မြင်နိုင်မည့် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့်
စာရွက်စာတမ်းဖိုင်များကို ရွေးချယ်နိုင်ပါပြီ။
ထိုသို့ ရွေးချယ်ရန် အတွက် ဥပမာ ဓာတ်ပုံကို ရွေးချယ်လိုသည့်အခါ Gallery app ကိုဖွင့်ပြီး
ဓာတ်ပုံများကို ရွေးချယ်ရမည် ဖြစ်သည်။ ပြီးလျှင် screen ညာဘက်ထိပ်ရှိ Edit ခလုတ်ကိုနှိပ်ပြီး
Move to Private ကို နှိပ်ပါ။ ရွေးချယ်ထားသည့် ဓာတ်ပုံများကို S5 တွင် Private Mode ဖြင့်
အသုံးပြုမှသာ တွေ့မြင်နိုင်မည် ဖြစ်သည်။


(၉) ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် special effect များ ထည့်သွင်းခြင်း
Samsung Galaxy S5 တွင် အလွန်ကောင်းမွန်သည့် ကင်မရာပါဝင်သည်။ သို့သော်လည်း ၎င်း
ကင်မရာဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြောင်းလဲလိုသူများ အနေဖြင့် Shot & more setting
ဖြင့် ပြုလုပ်နိုင်သည်။
Camera app ကိုဖွင့်ပြီး screen ဘယ်ဘက်ခြမ်းရှိ Mode ခလုတ်ကို နှိပ်ပါ။ Shot & more ကို ရွေးပြီး
OK ကိုနှိပ်ပါ။

နောက်တစ်ကြိမ် ဓာတ်ပုံရိုက်သည့်အခါ ၁၀၀ ရာခိုင်နှုန်းအထိ ဖော်ပြသည့် progress bar တစ်ခုကို
တွေ့မြင်ရမည် ဖြစ်သည်။
၁၀၀ ရာခိုင်နှုန်း ပြည့်သွားသည့်နောက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ၌ Best Shot, Best Face,
Drama Shot, Eraser, Panning Shot စသည့် special editing feature များဖြင့် အသုံးပြုနိုင်ပါပြီ။


(၁၀) Screenshot ဖမ်းယူခြင်း
S5 တွင် screenshot ဖမ်းယူလိုသည့်အခါ power ခလုတ်နှင့် home ခလုတ်ကို တစ်ပြိုင်နက်ဖိ၍
ဖမ်းယူနိုင်သည်။
ဒီပိုစ့်လေးကို PDF စာအုပ်အဖြစ်သိမ်းထားချင်ရင် အောက်မှာဒေါင်းယူနိုင်ပါတယ်။


Credit=http://internetjournal.com.mm


သားကောင်းရတနာ(နည်းပညာ)

Twitter Delicious Facebook Digg Stumbleupon Favorites More