လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏
Showing posts with label Firmware တင်နည်း. Show all posts
Showing posts with label Firmware တင်နည်း. Show all posts

Thursday, 22 January 2015

A13 tablet တွေကို SDကဒ်နဲ့ Firmware တင်တဲ့နည်း

 
 
A13 tablet တွေကို SDကဒ်နဲ့ Firmware တင်တဲ့နည်းလေးပါ


PhoenixCard v3.06 ကို ဒေါင်းပါ

ရလာတဲ့ zip ကိုဖြည် ပြီ်း PhoenixCard  v3.06  Folder ထဲးက

PhoenixCard ကိုRun ပါ




SDကဒ်ကို format ချပြီး Computer မှာ တပ်ထာပါ

DickCheck မှာ devices တတ်လာရင် img file ကိုရွေးပေးပါ
ပြီးရင် format to normal ကိုနှိပ်ပါ ခဏစာင့်ပါ

Burn ကို နှိပ်ပါ
 


 
အပြာရောင် အတန်းလေး ပြည့်ရင် SDကဒ်ကို ဖြုတ်ပြီး tablet မှာ တပ်ပြီး ပါဝါ ဖွင့်လိုက်ရင်
ဒီလိုလေးပေါ်လာမယ်...




အတန်းပြည့်သွားရင် Firmware တင်တာပြီးပါပြီး
img file ကတော့ ကိုယ့် ဗာရှင်းနဲ့ ကိုယ်ရှာဒေါင်းပေါ့



REf:   MPX  Tem
သားကောင်းရတနာ(နည်းပညာ)

G730-U00 Flash All Fastboot Firmware B151




G730-U00 dload ကလည်း တင်မရ Flashtool ကလည်း error တက်လို့ မရတဲ့ အဆုံး ကျနော် ကြံမိကြံရာလေး ကြံထားတာပါ

Fastboot ၀င်ပြီး update all bat လေး Run လိုက်ရုံနဲ့ firmware တင်သွားမှာပါ

ကျနော် နှစ်လုံးစမ်းထားပြီးပါပြီ အဆင်ပြေလို့ Share လိုက်တာပါ

ညီအကိုများအားလုံး အဆင်ပြေကြပါစေ

သင်ဆရာ မြင်ဆရာ ဆရာများအားလုံးကို အစဉ်လေးစားလျှက်



http://www.mediafire.com/download/dz4wdlhbt0ce5da/G730-U00+Flash+All+Fastboot+Firmware+B151.rar
 
Credit=Phyothura Maung
 
သားကောင်းရတနာ(နည်းပညာ)

Sunday, 19 October 2014

(Lenovo S850 Android KitKit 4.4.2 ) Firmware တင်နည်း

Lenovo S850 Android KitKit 4.4.2 ကို  Firmware တင်နည်းလေးဖြစ်ပါတယ် အခုဒီ ဒီနည်းလေးက flashtool ကိုသုံးပြီးတင်နည်းလေးကို error ကင်းပြီး အဆင်ပြေ၍ မသိသေးသူများအတွက် အသေးစိတ်ရေးတင်ပေးလိုက်ပါတယ် အောက်မှာလိုအပ်တာလေးအရင် ဒေါင်းယူလိုက်ပါ။
ROM Description :
• Model Name : Lenovo S850
• Build Number :S850_ ROW_S205_140729
• Date : 14-08-2014
• OS : Android 4.4.2
• Language : Russian , Ukrainian, English, Arabic, Spanish, French, Chinese, Vietnamese, Indonesian, Malaysian, Thai

Lenovo USB Driver =Download Click Here

Rom and Flashtool = Download Click Here

အားလုံးဒေါင်းပြီးရင်တော့ Winrar zip များကို desktop ပေါ်မှာဖြည်ချလိုက်ပါ ပြီးရင် USB Driver ကို Pc မှာ Install လုပ်ပါ ပြီးရင် ဒေါင်းပြီးဖြည်ထားတဲ့ (S850_ROW_S207_140814) Folder ထဲမှ Flash_Tool.exe ကို Run ပါမယ် အောက်ပုံအတိုင်း ပုံများသေးနေရင် ကလစ်ပြီးကြည့်ပါ....

ပြီးရင် အောက်ပုံအတိုင်း DL All with Checksum မှာ အမှန်ခြစ်ပြီး Scatter-Loading button ကိုနိပ်ပြီးတော့ ဒေါင်းပြီးဖြည်ထားတဲ့ (S850_ROW_S207_140814) Folder ထဲမှ target_bin folder ကိုဆက်ဝင်ပြီး အထဲမှ MT6582_Android_scatter.txt ကိုရွေးပေးလိုက်ပါ အောက်ပုံတွေ အတိုင်း....


ပြီးရင်တော့ အပေါ်နားမှ Download button လေးကိုနိပ်လိုက်ပါ (့သို့မဟုတ်) F9 နိပ်ပါ ခဏစောင့် ပါ ခရမ်းနုရောင် အတန်းလေးတွေ ပြေးနေပါမယ် ပြီးအောင်စောင့်ပါ ပြီးရင် ဖုန်းကို Power ပိတ် battery ဖြုတ်ပြန်တပ်ထားပြီးအသင့် စောင့်နေပါ အောက်ပုံအတိုင်း..။

ခရမ်းနုရောင် အတန်းလေးတွေ ပြေးပြီး ရပ်သွားရင်တော့ ဖုန်းကို Pc နဲ့ ချိတ်ဆက်ပါမယ် ဒီအချိန်မှာ အနီရောင် ၊ ခရမ်းနုရောင် ၊ အ၀ါရောင် ၊ အတန်းတွေ ပြေးနေပါမယ် နောက်ဆုံး အစိမ်းရောင် အ၀ိုင်းလေးနဲ့ Download Ok ဆိုတဲ့ စာလေးပေါ်လာရင်တော့ Lenovo S850 Android KitKit 4.4.2 ကို  Firmware တင်ခြင်းပြီးပါပြီ။

 ဖုန်းကို Power ဖွင့်ပါ boot အတက်မှာအနည်းယ်ေကြာပါမယ် ပြီးရင်တော့ KitKit Version လေးနဲ့ လန်းနိုင်ပါပြီ။အောက်မှာ Screen Shot လေးတွေရိုက်ပြထားပါတယ် မသိသေးသူများအတွက် နားလည်မယ်လို့ မျှော်လင့်ပါတယ်။


သားကောင်းရတနာ(နည်းပညာ)

Sunday, 1 June 2014

Samsung Galaxy Core GT-I8262 V-4.1.2 Official Firmware တင်နည်း

Samsung Galaxy Core GT-I8262 V-4.1.2 Official Firmware တင်နည်းလေးဖြစ်ပါတယ်  ပထမဆုံးလိုအပ်တာလေးတွေကို အောက်မှာအရင် ဒေါင်းယူလိုက်ပါ

        Firmware>>>= DOWNLOAD

       Odin3 v3.07>>= DOWNLOAD

SamSung USB DriverDOWNLOAD

အာလုံးဒေါင်းပြီးရင်တော့ WinRAR or Zip ဖိုင်များကို Extract  လုပ်ပါ ပြီးရင်တော့ ထုံးစံအတိုင်း မိမိရဲ့ဖုန်းရဲ့ Settings ထဲဝင်ပြီး Unknown Sources / USB debugging ကိုအမှန်ခြစ်ပေးထားပါ Driver မရှိသေးသူများကတော့  Samsung USB Driver ကို PC မှာ Install လုပ်ပါ ပြီးရင်တော့ Odin3-v3.07 ကို Run ပြီတော့ PDA ဆိုတဲ့ button လေးကိုကလစ်ပြီးတော့ ဒေါင်းပြီးဖြည့်ထားတဲ့ Firmware MD5 file ကိုရွေးပေးလိုက်ပါ အောက်ကပုံလေးအတိုင်း ပုံများသေးနေရင် ကလစ်ပြီးကြည့်ပါ
                                            
ပြီးရင်တော့ ဖုန်းကို Power ပိတ်ပါ၊ Download Mode ၀င်ဖို့ (Volume Down + Home + Power) တပြိုင်တည်းတွဲနိပ်ထားပါမယ် Warning!! တက်လာရင်တော့ Volume Up ကိုဆက်နိပ်ပါ ဒါဆို Download Mode ရောက်ပါပီ
ပြီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါမယ် Odin ကလဲ phone-driver ကိုသိပြီဆိုရင် ID:COM မှာအပြာနုရောင်လေးသန်းလာပါမယ် အောက်ပုံလေးအတိုင်း
                                         
အာ့ ဆိုရင်တော့အောက်နားက Star button လေးကိုနိပ်ပြီး ခဏစောင့်နေပါ သူပါသူအလုပ်လုပ်နေပါလိမ့်မယ် အပေါ်က အစိမ်းကွက်လေးထဲမှာ PASS! ဆိုပြီးပြရင်တော့ ဖုန်းကို Firmware တင်ခြင်းအောင်မြင်ပါပြီ ဖုန်း restart ကျပြီးပြင်တက်လာရင်တော့ Samsung Galaxy Core GT-I8262 V-4.1.2 Official Firmware တင်ခြင်းပြီးဆုံးပါပြီ။ လွယ်ထှာာာ :-p
                                 
မသိသေးသူများအတွက် နားလည်မယ်လို့မျှော်လင့်ပါတယ်

သားကောင်းရတနာ(နည်းပညာ)

Sunday, 20 April 2014

Huawei U9200 Firmware 1 Click Installer


Huawei U9200 အတွက် Firmware ကို One Click Install လုပ်ပေးမယ့် Tool လေးပါ။
ကျွန်တော်ကိုယ်တိုင်ပြုလုပ်ထားတဲ့ Tool လေးပါ။ဖုန်းကို Firmware Install လုပ်မယ်ဆိုရင်တော့
ဖုန်းကို Fastboot Mode ၀င်ပြီးတော့ ကြိုးထိုးလိုက်ပါ။ပြီးရင် Start ကိုနှိပ်လိုက်ရင်ဖုန်းကို 
Firmware Install ပြုလုပ်နေပါပြီ။အကူအညီလိုအပ်ရင် Get Help ကိုတစ်ချက်နှိပ်လိုက်ပါ။
အဆင်ပြေပါစေ။ကျော်မင်းခန့်။
 
 
   Credit= Developed By Kyawminn Khant

Saturday, 22 March 2014

samsung galaxy S3 GT- i9300 ကို latest official android 4.3 တင်နည်း| root လုပ်နည်း | မြန်မာစာသွင်းနည်း

 
 samsung galaxy S3 GT- I9300 အတွက် january 27, 2014  နေ့ထွက် build number I9300XXUGML3_I9300OLBGML3_XME malaysia firmware ကို ကိုယ်တိုင်တင်မယ် root လုပ်မယ် မြန်မာစာသွင်းကြမယ်ဗျာ......... ကျွန်တော်တို့ နည်းလမ်းလေးမစခင် သိသင့် သိထိုက်တာလေးတွေအရင်ဆုံးပြောပါရစေ။ ဒီနည်းလမ်းလေးကို android user တော်တော်များများ သိပြီးသားပါ။ နည်းလမ်းလေးကလွယ်ပါတယ်။ ကျွန်တော် အခုပြောပြမယ့်နည်းလမ်းက samsung galaxy S3 GT- I9300 တစ်မျိုးထဲ အတွက်ပါ။ မိမိရဲ့ phone model ကို setting / more / about device အဆင့်ဆင့်ဝင်ပြီးစစ်ကြည့်ပြီးမှ သေချာတယ်ကိုက်ညီတယ်ဆိုမှ ဒီနည်းလမ်းကို အသုံးပြုပါလို့ အကြံပေးချင်ပါတယ်။ နောက်ထက် သတိထားရမှာက ကျွန်တော်တင်ပေးထာတဲ့ Ordin3 v 3.09 နဲ့ပဲသုံးပါ။ တစ်ခြား ကိုယ့်မှာရှိပြီးသား Ordin နဲ့လုပ်မိလို့ တစ်ခုခု error ဖြစ်သွားရင်တော့ your own risk ကိုယ်ဖော်တဲ့ဆေး ကိုယ်စားပေါ့နော် ..... နောက်တစ်ခုရှိသေးတယ်ဗျာ တစ်ခြားတော့မဟုတ်ပါဘူး S3/ note 2 / note3 တွေ 4.3 firmware update လုပ်ရင်ပါလာတဲ့ Knox application ပါ ထူးစမ်းတာက ကျွန်တော် ဒီ firmware ကို update လုပ်ပြီးသွားတော့ ဘာ Knox မှပါမလာဘူးဗျာ ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်  Knox ကို android version 4.3 မြှင့်ရင်သတိထားဖို့ root မလုပ်ခင်  Knox ကို desiable လုပ်ဖို့ site တိုင်းမှာ ပြောနေကြတော့ ကျွန်တော် လိုက်ရှာတယ် မတွေ့ဘူး တစ်ခြား နာမည်းနဲ့များ ပါလာမလား? လိုက်ရှာတယ် မတွေ့ဘူး အဲတာနဲ့ ကျွန်တော် online မှာ thailand firmware လိုက်ရှားပြီး ထက်တင်ကြည့်တယ် ဒါလဲ Knox ပါမလာသလို မြန်မာစာလဲပါမလာပါဘူး ကဲရှိစေတော့ ဟဲ့ဆိုပြီး ဖြစ်ချင်တာဖြစ် မောင်ဘချစ် root လုပ်လိုက်တယ် အစင်ပြေတယ်။ မြန်မာစာသွင်ကြည့်တယ် ငြိမ်နေတာပဲ ဘာမှ error မရှိပဲပြီးဆုံးသွားတယ် ဒါပါပဲ။ ကဲကျွန်တော် လျှာရှည်တာလဲများသွားပါပြီ ကျွန်တော်တို့ နည်းလမ်းလေး စလိုက်ကြရအောင် .....

  ပထမဆုံးsamsung galaxy S3 GT-I9300 build number I9300XXUGML3_I9300OLBGML3_XME malaysia firmware အတွက် လိုတာလေးတွေအောက်မှာ အရင်ယူထားလိုက်ပါ။

၁။SAMSUNG_USB_Driver_for_Mobile_Phones.exe
 ၂။Ordin3 v 3.09
၃။ I9300XXUGML3_I9300OLBGML3_XME FIRMWARE

အပေါ်ကယူစရာရှိတွေယူပြီးသွားရင် စကြမယ်

၁။ဖုန်းကို အနည်းဆုံး battery အား 60% ရှိအောင်ထားပါ။ 100% ရှိရင်ပိုကောင်းပါတယ်
၂။SAMSUNG_USB_Driver_for_Mobile_Phones.exe ကို PC မှာ install လုပ်ပါ။
၃။ Ordin ကို Zip ဖြည်ပြီး PC မှာclick နှစ်ချက်နှိပ်ပြီးဖွင့်ပါ။
၎။ phone ကို power ပိတ် home+volume down + power key သုံးခုကိုတစ်ပြိုင်တည်း နှိပ်ပြီး volume up ကိုထက်နှိပ်ပေးပါ။


 
 ၅။ Downloading do not turn off target ! ဆိုတဲ့စာရောက်ရင်  phone ကို USB ကြိုးနဲ့ PC မှာချိတ်လိုက်ပါ။
၆။ချိတ်ပြီးသွားပြီဆိုရင် Ordin မှာ 0:COM5 ဆိုပြီး ပန်းရောင်လေးပြောင်းနေတာတွေပါလိမ့်မယ် ပြီးရင် AP ဆိုတဲ့နေရာလေးမှာ Download ဆွဲလို့ရလာတဲ့ firmware ကို Zip ဖြည်ပြီးထည့်လိုက်ပါ။ အောက်မှာ ပုံလေးနဲ့ပြပေးထားပါတယ်
၇။ပြီးရင် Ordin ရဲ့အောက်နားက start ဆိုတာလေးကို နှိပ်ပြီး pass ဖြစ်တဲ့အထိ စောင့်ပေးပါ။ pass ဖြစ်သွားရင်  samsung galaxy S3 GT- I9300 အတွက် android 4.3 update လုပ်ခြင်းအောင်မြင်စွာပြီးဆုံးပါပြီ 
၈။နောက်တစ်ဆင့်အနေနဲ့ root လုပ်ဖို့အတွက် အပေါ်မှာကျွန်တော် ရှင်းပြခဲ့သလို နံပက်(၄) ကနေ (၇)အထိ အဆင့်ဆင့် လုပ်သွားပြီး  firmware ထည့်ရမယ့် AP ဆိုတဲ့နေရာမှာ အောက်က root tool လေးကို Zip ဖြည်ပြီးထည့် start ကိုနှိပ် pass ဖြစ်သွားရင် super user လေးတွေ့ပါလိမ့်မယ် ဒါဆိုရင် root လုပ်တဲ့အဆင့်လဲပြီးသွားပါပြီ
၉။ကဲနောက်ဆုံး အဆင့် မြန်မာစာသွင်းဖို့အတွက် အောက်မှာပေးထားတဲ့ smartzawgyi4.3advanced ကိုအရင်ဆုံး ယူထားလိုက်ပါ။
၁၀။Download ပြီးရင်  ရလာတဲ့ smartzawgyi4.3advanced ကို zip ဖြည်လိုက်ပါ။ပြီးရင် ဖုန်းထဲမှာ developer option ဖော်ဖို့အတွက် setting / more / about device ဆိုပြီးအဆင့်ဆင့်သွားပြီးရင် အောက်ဆုံးက Build Number လေးကို ၇ ချက်လောက်ဆက်တိုက်တောက်ပေးလိုက်ပါ Devoloper Option ပေါ်လာလိမ့်မယ် Devoloper Option ထဲကို ဝင်ပြီး USB debugging အကွက်လေးကို အမှန်ခြစ်ပေးပါ။ပြီးရင် setting / security / unknown source အကွက်လေးထဲမှာလဲ အမှန်ခြစ်ပေးပါ။
၁၁။အပေါ်က Zip ဖြည်လို့ရလာတဲ့ smartzawgyi4.3advanced folder ထဲမှာ installer လို့ရေးထာတဲ့ window batch file ကို click နှစ်ချက်တောက်ပြီးဖွင့်လိုက်ပါ။  phone reboot ကျပြီးပြန်တက်လာရင် browser နဲ့ မြန်မာစာစမ်းကြည့်ပါ အစင်ပြေပါတယ် တစ်လက်စတည်း bagan keyboard creck  version လေးပါ အောက်ကလင့်မှာယူလိုက်ပါ

Bagan Keyboard Pro 2.1.1(ကြိုက်တာထည့် Active ဖြစ်တယ်)

 အားလုံးပဲအစင်ပြေကြပါစေ

  BORN TO MAKE YOU HAPPY

Thursday, 13 March 2014

Samsung Galaxy Mini GT-S5570I အတွက် အကောင်းမွန်ဆုံး Jelly Bean 4.2.2 Custom Rom

ပထမဆုံး လိုအပ်တာလေးတွေကို အောက်က လင့်များကနေ ဒေါင်းထားပါ။
Galaxy Mini GT-S5570I Root zip ဖိုင်ကို Box link မှဒေါင်းရန် 1.1MB
CWM Recovery (Clock Work Mod Recovery) update zip ကို Box Link မှဒေါင်းရန် 1.4MB  
Custom Jelly Bean 4.2.2 Firmware ကို  mediafire link မှ ဒေါင်းရန် 118.59MB
JellyPlus V3 (JellyButter HD) Jelly Bean 4.2.2 မှာပါဝင်တဲ့ Features တွေကတော့
- Holo Launcher inside!!
- Official JellyBean lockscreen set by default
- 7 more lockscreen
- Original JellyBean wallpaper and
many more…
- JB keyboard and Swype 4.0
- Some apps ported by Cyanogen Mod 10
- SDCard_Spaceread inside! A script
that speeds up reading from sd card
- UNIX Srydex script: A script that
keeps the launcher in an. Xml file and
speeds up reading through
SDCard_Spaceread
- Does not overwrite the kernel
- Full JB theme, eased and
accelerated
- Latency keypress /-/ ration system reset
- Settings.apk full edited
- More awesome features
ကဲ သဘောကျတယ်ဆို စလိုက်ကြရအောင်
ဒေါင်းထားတဲ့ ဖိုင်တွေ အားလုံးကို SD Card  ထဲကူးထည့်ထားလိုက်ပါ။  ဖိုဒါထဲမထားပါနှင့်။
အဆင့် ၁
ဖုန်းကို ပါဝါ ပိတ် ၊ ဘက်ထရီဖြုတ် ၊ ၅ စက္ကန့်လောက်ကြာမှ ဘက်ထရီကို ပြန်တပ်ပါ။
အဆင့် ၂
Root  ဖောက်ပါမယ်။ (Root ဖောက်းထားပြီးသားဆို ဒီအဆင့်ကို ကျော်ခဲ့နိုင်ပါတယ် )
Recovery Mode သို့ဝင်ရန်  Vol Up (အသံချဲ့တဲ့ ခလုတ်) ရယ် Home Button ရယ် Power Button ရယ်ကို တွဲပြီး ဖိထားပါ။ Recovery Mode ကိုရောက်ပါမယ်။ Vol Down / Up ခလုတ်တွေကို အသုံးပြုပြီး Apply update from sd card နေရာရောက်အောင် ရွှေ့ပါ။ Home Button ကိုနှိပ်လိုက်ပါ။ S5570I-Root-Update.zip ဖိုင်ကို ရွေးပြီး Home Button ကို နှိပ်ပါ။  Install update from sd card complete ပြပါမယ်။ Reboot System Now ကို ရွေးပြီး Home Button ကိုနှိပ်ပေးလိုက်ပါ။ Reboot ကျပြီး ပါဝါပြန်တက်လာရင် Super User Permissions တောင်းပါလိမ့်မယ်။ Allow ကို ရွေးပေးလိုက်ပါ။  App List ထဲမှာ Super User ကိုတွေ့ရင် Root လုပ်ငန်းပြီးဆုံးပါပြီ။
အဆင့် ၃
ဖုန်းကို ပါဝါပိတ်ပါ။ Recovery Mode ကိုဝင်ပါ။ (Vol up + Home + Power)
Apply update from sd card => S5570I-CWM-Update.zip => CWM Recovery Mode ကိုရောက်ပါမယ်။  (ဒီနေရာရောက်တဲ့အခါ Back up and Restore => back up လုပ်ထားဖို့ အကြံပေးလိုပါတယ်)
wipe data factory reset => Yes => wipe cache partition => Yes => Advanced => wipe battery state => Yes => wipe dalvik cache => Yes =>
Install zip from sd card => choose zip from sd card => Jellyplus -3- Jellybutter- HD.zip => Yes  => Advanced => Reboot into recovery => wipe data factory reset => wipe cache partition => Yes => Reboot System Now ဟု Vol up/ down ခလုတ် ၊ Power ခလုတ်တို့ကို ရွေးပြီး အဆင့် ဆင့် လုပ်သွားလိုက်ပါ။ ၃-၄ မိနစ်ခန့်ကြာတဲ့ အခါ သင့်ရဲ့ Galaxy Mini GT-S5570I Android 2.3.6 လေးဟာ Custom Jelly Bean 4.2.2 နဲ့ လန်းနေပါပြီခင်ဗျာ။
Screen Shot လေးတွေကို ကြည့်လိုက်ပါဦး

image
image


image

Post By thaw2npt=MMSD

Tuesday, 4 March 2014

Samsung Galaxy Mini GT-S5570I အတွက် အကောင်းမွန်ဆုံး Jelly Bean 4.2.2 Custom Rom

ပထမဆုံး လိုအပ်တာလေးတွေကို အောက်က လင့်များကနေ ဒေါင်းထားပါ။
Galaxy Mini GT-S5570I Root zip ဖိုင်ကို Box link မှဒေါင်းရန် 1.1MB
CWM Recovery (Clock Work Mod Recovery) update zip ကို Box Link မှဒေါင်းရန် 1.4MB  
Custom Jelly Bean 4.2.2 Firmware ကို  mediafire link မှ ဒေါင်းရန် 118.59MB
JellyPlus V3 (JellyButter HD) Jelly Bean 4.2.2 မှာပါဝင်တဲ့ Features တွေကတော့
- Holo Launcher inside!!
- Official JellyBean lockscreen set by default
- 7 more lockscreen
- Original JellyBean wallpaper and
many more…
- JB keyboard and Swype 4.0
- Some apps ported by Cyanogen Mod 10
- SDCard_Spaceread inside! A script
that speeds up reading from sd card
- UNIX Srydex script: A script that
keeps the launcher in an. Xml file and
speeds up reading through
SDCard_Spaceread
- Does not overwrite the kernel
- Full JB theme, eased and
accelerated
- Latency keypress /-/ ration system reset
- Settings.apk full edited
- More awesome features
ကဲ သဘောကျတယ်ဆို စလိုက်ကြရအောင်
ဒေါင်းထားတဲ့ ဖိုင်တွေ အားလုံးကို SD Card  ထဲကူးထည့်ထားလိုက်ပါ။  ဖိုဒါထဲမထားပါနှင့်။
အဆင့် ၁
ဖုန်းကို ပါဝါ ပိတ် ၊ ဘက်ထရီဖြုတ် ၊ ၅ စက္ကန့်လောက်ကြာမှ ဘက်ထရီကို ပြန်တပ်ပါ။
အဆင့် ၂
Root  ဖောက်ပါမယ်။ (Root ဖောက်းထားပြီးသားဆို ဒီအဆင့်ကို ကျော်ခဲ့နိုင်ပါတယ် )
Recovery Mode သို့ဝင်ရန်  Vol Up (အသံချဲ့တဲ့ ခလုတ်) ရယ် Home Button ရယ် Power Button ရယ်ကို တွဲပြီး ဖိထားပါ။ Recovery Mode ကိုရောက်ပါမယ်။ Vol Down / Up ခလုတ်တွေကို အသုံးပြုပြီး Apply update from sd card နေရာရောက်အောင် ရွှေ့ပါ။ Home Button ကိုနှိပ်လိုက်ပါ။ S5570I-Root-Update.zip ဖိုင်ကို ရွေးပြီး Home Button ကို နှိပ်ပါ။  Install update from sd card complete ပြပါမယ်။ Reboot System Now ကို ရွေးပြီး Home Button ကိုနှိပ်ပေးလိုက်ပါ။ Reboot ကျပြီး ပါဝါပြန်တက်လာရင် Super User Permissions တောင်းပါလိမ့်မယ်။ Allow ကို ရွေးပေးလိုက်ပါ။  App List ထဲမှာ Super User ကိုတွေ့ရင် Root လုပ်ငန်းပြီးဆုံးပါပြီ။
အဆင့် ၃
ဖုန်းကို ပါဝါပိတ်ပါ။ Recovery Mode ကိုဝင်ပါ။ (Vol up + Home + Power)
Apply update from sd card => S5570I-CWM-Update.zip => CWM Recovery Mode ကိုရောက်ပါမယ်။  (ဒီနေရာရောက်တဲ့အခါ Back up and Restore => back up လုပ်ထားဖို့ အကြံပေးလိုပါတယ်)
wipe data factory reset => Yes => wipe cache partition => Yes => Advanced => wipe battery state => Yes => wipe dalvik cache => Yes =>
Install zip from sd card => choose zip from sd card => Jellyplus -3- Jellybutter- HD.zip => Yes  => Advanced => Reboot into recovery => wipe data factory reset => wipe cache partition => Yes => Reboot System Now ဟု Vol up/ down ခလုတ် ၊ Power ခလုတ်တို့ကို ရွေးပြီး အဆင့် ဆင့် လုပ်သွားလိုက်ပါ။ ၃-၄ မိနစ်ခန့်ကြာတဲ့ အခါ သင့်ရဲ့ Galaxy Mini GT-S5570I Android 2.3.6 လေးဟာ Custom Jelly Bean 4.2.2 နဲ့ လန်းနေပါပြီခင်ဗျာ။
Screen Shot လေးတွေကို ကြည့်လိုက်ပါဦး
image
image

image
image 





post by=
credit-MMSD
 

Tuesday, 18 February 2014

မြန်မာဘာသာစကားနဲ့ မြန်မာကီးဘုတ် ပါဝင်သော S3 (GT-I9300) 4.2.2 Firmware ကို ရယူနိုင်ပါပြီ။


Firmware တင်ပုံတင်နည်း
(1) I9300XXUFME7_I9300OXAFME7_YYL.zip ကို Download လုပ်ပါ။
(2) Odin ကို ဖွင့်ပါ။
(3) Zip ဖိုင်ကို ဖြည်ပြီးထွက်လာတဲ့ I9300XXUFME7_I9300OXAFME7_I9300XXUFME7_YYL.tar.md5 ကို PDA နေရာမှာထည့်ပါ။
(4) ဖုန်းကို power ပိတ်ပါ။
(5) Power + Home + Vol Down ခလုတ်သုံးခုကို တွဲနှိပ်ပြီး Download Mode ကို ၀င်ပါ။
(6) Usb ကြိုးကိုအသုံးပြုပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။
(7) Start ကို နှိပ်ပါ။
(8) ဘယ်ဘက်အပေါ်ထောင့်က အပြာတန်းလေး ပြီးတဲ့အထိ စောင့်ပါ။ Pass လို့ ပေါ်လာရင် Odin ကို ပိတ်ပါ။ ကြိုးဖြုတ်ပါ။
(9) ဖုန်းရဲ့ recovery mode မှာ ၀င်နေတာတွေ့ရင် reboot system now ကိုရွေးပေးပါ။
(10) စက်တက်လာပြီဆိုရင်တော့ Language နေရာမှာ English (United State) ကိုပဲ ရွေးရွေး။ မြန်မာလိုပဲ သုံးချင်တယ်ဆိုရင်တော့ Burmese ကိုရွေးပါ။
S3 (GT-I9300) 4.2.2 မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို အသုံးပြုလို့ရပါပြီ။

Special Thanks to Sayar Phyo Nyi Nyi
Frozen Keyboard – Ko Thiha Aye Kyaw
Font – Zawgyi Team
Hotfile Uploader – Ko Moe Myat Thu Kha @ Yeeshin Mobile
Mediafire transload – Sayar Phyo Nyi Nyi
Dev-host transload – စက်ရုပ်များကြီးစိုးချိန်

Download Link များ

Hotfile Download


Mediafire Download


Dev-host Download

20130731_153514 Screenshot_2013-08-01-15-56-09
Screenshot_2013-08-01-15-23-11
Screenshot_2013-08-01-15-22-54


credit=myanmarmobileapp.com

Samsung Galaxy Note 2 N7100 ကို Official 4.3 မြှင့်ပြီး Root လုပ်ခြင်း

Note 2 အတွက် official Firmware 4.3 Thai region နဲ့ ထွက်ရှိလာပါပြီ. မြန်မာစာတော့မပါသေးပါဘူး.. Root လုပ်ပြီးမှပဲ မြန်မာစာရမှာပါ..
ကဲ လိုအပ်တဲ့ Firmware လေး Download ဆွဲရအောင်.. Download ဆွဲရင် resume ရအောင် link ချိန်းပေးထားပါတယ်..

Note2 4.3 Firmware Link Download Here

Odin Download Here

Download ဆွဲပြီးရင် Firmware ကို ဖြည်ချလိုက်ပါ..ပြီးရင် phone ကို ပိတ်ပါ.
Download Mode ၀င်ပါ.. Vol Down + Home + Power ကိုစုံဖိထားရင် Waring စာသားတွေပေါ်လာရင်
Vol up ကိုနှိပ်ပေးလိုက်ရင် Download Mode ထဲဝင်သွားပါပြီ…
ပုံ(၁)
Odin ကိုဖွင့်ပါ..PDA နေရာမှာ ဖြည်ချထားတဲ့ Firmware ကိုရွေးပေးလိုက်ပါ..Download Mode ၀င်ထားတဲ့ phone ကို
computer နဲ့ ချိတ်လိုက်ပါ.Odin မှာ Driver သိသွားတာနဲ့  start ကိုနှိပ်ပေးလိုက်ပါ..ခန့် မှန်းခြေ ၁၀ မိနစ်ဝန်းကျင်လောက်ကြာပါတယ်..
ပုံ (၂)
firmware တင်ပြီးရင် Odin မှာ PASS ပေါ်ပါမယ်..  phone မှာ restart ကျပြီး official 4.3 လေးနဲ့ ပြန်တက်လာပါပြီ..
ပုံ(၃)
ပြီးရင် Root လုပ်ရအောင်ဗျာ.  Online မှာ N7100 4.3 အတွက် CF Auto root တွေ့ ပေမယ့် စမ်းကြည့်တာ အဆင်မပြေပါဘူး..
recovery တင်ပြီးတော့ပဲ root လုပ်ကြတာပေါ့..  လိုအပ်တဲ့ Custom Recovery ကို အောက်မှာ Down လိုက်ပါ..
Custom recovery download

Download Here CWM

Download SuperSu

ပြီးရင် phone ကိုပိတ်ပြီး download mode ၀င်လိုက်ပါ..
ပြီးရင် odin ရဲ့  PDA နေရာမှာ download ဆွဲထားတဲ့ recovery လေးကိုဖြည်ချပြီး ထည့်ပေးလိုက်ပါ..
odin မှာ reset ဖြစ်သွားပြီး firmware ပြန်တက်လာရင် recovery တင်ပြီးပါပြီ..
update super su လေးကို sd card ထဲထည့်ပြီး phone ကိုပြန်ပိတ်လိုက်ပါ..
Recovery mode ၀င်ပါမယ်..Vol up + Home + Power ကိုစုံဖိထားပါ..
Logo နှစ်ခါလောက်ပေါ်ရင် ခလုတ်အားလုံးစုံလွှတ်လိုက်ပါ..ပန်းရောင် screen လေးနဲ့ recovery ထဲဝင်သွားပါပြီ..
ပြီးရင် install zip > choose zip from sd card ကနေ update super su လေးကိုရွေးပေးလိုက်ပါ..
 ပုံ(၄) ပုံ(၅)
သူ့ ဟာသူ  install လုပ်နေပါမယ်.. done ဖြစ်သွားရင်တော့ back နဲ့ ပြန်ထွက်ပြီး reboot system now ကိုရွေးပေးလိုက်ရင်တော့ root လုပ်ခြင်းပြီးစီးပါပြီ..
ပုံ(၆)
4.3 တွေမှာမြန်မာစာ စာလုံးပေါင်းမှန်ပေမယ့် ယပင့်တွေအထဲဝင်နေခြင်း ငသတ်တွေလွဲနေခြင်း စတဲ့ပြသနာတွေရှိပါတယ်..
အဲ့ပြသနာကိုဖြေရှင်းရန် ကို Djjoe Man (MMF) ရေးထားတဲ့ Font changer လေးကိုသုံးလိုက်ပါ..

Font Changer Download Here

phone ထဲမှာ install လုပ်လိုက်ပါ..ပြီးရင် Install now ကိုနှိပ်ပြီး super su request တောင်းပါမယ်..
Grant နှိပ်ပေးလိုက်ပါ…ပြီးရင် restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..အားလုံးအဆင်ပြေကြပါစေ…
ပုံ(၇)
Credit To KO SI Thu & Djjoe Man
သူတို့နှစ်ယောက်စမ်းသပ်ပြီးသလိုကျွန်တော်လဲစမ်းသပ်ပြီးပါပြီ
အားလုံးအဆင်ပြေပါတယ်
credit=

Wednesday, 29 January 2014

Note 2(GT-N7100)ကိုမြန်မာစာပါဝင်တဲ့ Android 4.3 ထိုင်း Firmware တင်နည်း





1-Computer မှာ Samsung USB Driver မရှိသေးရင် Download လုပ်ပြီး Install လုပ်ပါ။

2- Odin_v3.09.zip ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Odin v3.09.zip

3- Firmware ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Firmware

4-ဖုန်းမှာ USB Debugging ကို On ထားပြီး Battery 80% ရှိရန် လိုအပ်ပါတယ်။

5- Download mode ဝင်ပါမယ်။ ဖုန်းကို ပါဝါပိတ်ပြီး Volume Down + Home + Power Button သုံးခုကို တစ်ပြိုင်တည်း တွဲနှိပ်ပါ။ Warning! ပေါ်လာရင် Volume Up တစ်ချက်နှိပ်ပါ။

6-Download Mode ရောက်ရင် Odin ကို Run ပြီး ဖုန်းကို Computer နဲ့ ချိတ်ဆက်ပါ။ ID:COM Box မှာ အရောင်သမ်းလာရင် ဆက်လုပ်မယ်နော်။

7-Odin ထဲမှာ AP Button ကလွဲပြီး ကျန်တာဘာမှ မနှိပ်ပါနဲ့။ AP ဆိုတာ အရင်က PDA ပါပဲ။ Odin Version မြင့်လာတာကြောင့် မတူတော့ပါ။ အဲဒီ AP ကို နှိပ်ပြီး Desktop ပေါ်မှာ Extract လုပ်ထားတဲ့ .tar.md5 file ကို ထည့်ပါ။

8-အားလုံး စစ်ဆေးပြီး မှန်တယ်ဆိုရင် Start Button ကို နှိပ်ပါ။

9-Install ပြီးလို့ ID:COM Box မှာ PASS!! ပြရင် ဖုန်းက Reboot ဖြစ်သွားပါလိမ့်မယ်။

ပုံမှန်အနေအထား ပြန်ရောက်လာရင် ကြည့်လိုက်ပါ။ Note 2 က Android 4.3 Firmware နဲ့ လန်းနေပါလိမ့်မယ်။ မြန်မာစာ မှန်ပါတယ်။


Firmware details
Model: GT-N7100
Country: Thai
Version: Android 4.3 Jelly Bean
MODEM: THL-N7100XXUEML
အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

Sunday, 26 January 2014

Galaxy Note3 SM-N900ကို Android 4.4.2Kitkat Official Firmwareတင်နည်း

8.volume up ဖြင့်သွားပြီး Continue ကိုရွေးချယ်လိုက်လျှင် အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ်။

9. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)

10.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmwareဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။

11.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmware တင်လို့ ပြီးသွားပါပြီ။
12.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logoမှာရပ်နေရင် ဖုန်းရဲ့ Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။

13.အပေါ်ကအတိုင်းမှ ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Key သုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Volume ခလုတ်များဖြင့် အပေါ်အောက် ရွေ့ပြီး Wide Data/Factory Reset ကို Power key ဖြင့် ရွေးလိုက်ပါ။ Factory Reset တကြိမ်ချပြီးပြီဆိုရင်တော့ အောက်က ပုံအတိုင်းပြန်ပေါ်လာရင်Reboot system now ကိုရွေးချယ်ပြီး ဖုန်းကို Restart ချလိုက်ပါ။

14.ဖုန်းက Power ပြန်တတ်လာရင်တော့ သင့်ရဲ့ Note 3 မှာ Officail  Android 4.4.2Kitkat ဖြင့် လန်းနိုင်ပါပြီ။ အားလုံးအဆင်ပြေပါစေ........


အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

Wednesday, 22 January 2014

IOS တွင် လွယ်ကူစွာ Frimware ပြန်တင်နည်း.....(ကွန်ပျူတာမလို.)




ကျွန်တော် ဒီနေ.တင်ပြချင်တာလေကတော. IOS User တွေလက်၇ှိဖြစ်ပေါ်နေကြတဲ့အခက်အခဲးတစ်ခုကိုလွယ်ကူစွာဖြေရှင်းနည်းလေးပါ။မိမိတို.သွင်းလိုက်သော Cydia App တွေကြောင်. Facebook app တွင် သုံးနေရင်ပြန်ထွက်သွားခြင်း...Safari ဝင်လို.မရခြင်း စသည်.အခက်အခဲးကို...ဖြေရှင်းသောနည်းလမ်တွေ၇ှိသော်၊ ထိုနည်းလမ်းတွေဖြင်.မရပါကနောက်ဆုံးတွင် Restore လုပ်မှအဆင်ပြေကြပါတယ်....Restore ပြန်လုပ်ရာတွင် Computer,IPSW,Itunes,USB ကြိုးလိုအပ်လာပါပြီ။တစ်ခုအဆင်မပြေပါက....Restore လုပ်လို.အဆင်မပြေကြပါ။ Computer မရှိသူတွေကတော.  ဆိုင်ပြေးကြရပါတယ်.....ထိုအခက်အခဲးတွေကိုဖြေရှင်းရန်....ကွန်ပျူတာမလိုပဲ Frimware ပြန်တင်နည်းကို ပုံးလေးတွေဖြင်.ရှင်းပြပေးပါမယ်......

(၁) Cydia တွင် http://cydia.myrepospace.com/komin27/ ကို Add လုပ်ပြီးမိမိ တို. ဖုန်းတွင်..... ilex R.A.T ကို install လုပ်ပေးပါ။" IOS User တိုင် ilex R.A.T ကို install လုပ်ထားစေချင်ပါတယ်...အခက်ခဲဖြစ်ပါက အလွယ်တကူ Restore ပြန်လုပ်နိုင်ပါသည်။."



install လုပ်ပြီးပါက ထို App ထည်းဝင်လိုက်ပါ။


 iLEX R.A.T. (သို.) iLEX RESTORE ကိုဝင်ပြီး ok ပေးလိုက်ပါ။ ခဏစောင်.နေပေးပါခင်ဗျ....၁၀ မီးနစ်လောက်စောင်.လိုက်၇င် Restore ပြုလုပ်ခြင်းအောင်မြင်ပါပြီ ခင်ဗျ။


 iLEX R.A.T.



iLEX RESTORE

အဆင်ပြေပါစေ။

KOMIN

Twitter Delicious Facebook Digg Stumbleupon Favorites More