လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Sunday 20 April 2014

★ ★Samsung Galaxy S4 GT-I9500 ကို CWM တင်နည်း★ ★

တောင်းဆိုထားတဲ့ ဘိုဘို တွေအတွက် Samsung Galaxy S4 GT-I9500 ကို CWM တင်နည်းလေးဖြစ်ပါတယ် ပထမဆုံး လိုအပ်တာလေးကိုအောက်မှာဒေါင်းယူလိုက်ပါ

   Samsung USB Driver=DOWNLOAD NOW
 
               Odin3 v3.04=DOWNLOAD NOW

  S4 GT-I9500 CWM file=DOWNLOAD NOW

တစ်ခြားဖုန်း Models များကတော့ သက်ဆိုင်ရာ CWM ဖိုင်ကို(ဒီနေရာမှာ)သွားရောက်ဒေါင်းယူနိုင်ပါတယ်
အားလုံးဒေါင်းပြီးပြီဆိုရင်တော့ Winrar နဲ့ချုပ်ထားတဲ့ ဖိုင်များကိုဖြည်ချလိုက် ပြီးရင်တော့ ထုံးစံအတိုင်း မိမိရဲ့ဖုန်းရဲ့ Settings ထဲဝင်ပြီး Unknown Sources / USB debugging ကိုအမှန်ခြစ်ပေးထားပါ မသိသေးသူများအတွက် တစ်ချို့ဖုန်းတွေမှာUSB debugging မဖေါ်ထားပါဘူးဖေါ်နည်းလေးကတော့ Settings> About device >Build number ကိုဆက်တိုက် ၇ ခါလောက်နိပ်ပေးလိုက်ပါ ဒါဆိုရင် settings ထဲမှာDeveloper option တစ်ခုရောက်နေပါလိမ့်မည် အဲ့အထဲဝင်ပြီး USB debugging အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။  Driver မရှိသေးသူများကတော့  Samsung USB Driver ကို Install လုပ်ပါ ပြီးရင်တော့ Odin3 v3.04 ကို Run ပါ ပြီးရင် PDA ဆိုတဲ့ button လေးကိုကလစ်ပြီးတော့ Browse ထဲမှာ ဒေါင်းပြီး ဖြည်ထားတဲ့ philz_touch_6.00.8-i9500.tar.md5 ဆိုတဲ့ tar ဖိုင်ကိုရွေးပေးရမှာဖြစ်ပါတယ် အောက်ပုံအတိုင်း ပုံသေးနေရင် ပုံကို ကလစ်ပြီးကြည့်ပါ
                                           
                                
ပြီးရင်တော့ အောက်ပုံအတိုင်း အနီရောင်နဲ့ပြထားတဲ့ ကွက်လေးတွေမှာ အမှန်ခြစ်ပေးလိုက်ပါ
                               
အားလုံးပြီးရင် ဖုန်းကို ပါဝါ ပိတ်ပါ၊ Download Mode ၀င်ဖို့ (Volume Down + Home + Power) တပြိုင်တည်းတွဲနိပ်ထားပါမယ် Warning!! တက်လာရင်တော့ Volume Up ကိုဆက်နိပ်ပါ ဒါဆို Download Mode ရောက်ပီ အောက်ကပုံအတိုင်း
                                 
ပြီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါမယ် Odin ကလဲ ဖုန်း-driver ကိုသိပြီဆိုရင် ID:COM မှာအပြာရောင်လေးသန်းလာပါမယ် အောက်ပုံလေးအတိုင်း
                                 
အ ဆိုရင်တော့ Star button လေးကိုနိပ်ပြီး ခဏစောင့်နေပါ သူပါသူအလုပ်လုပ်နေပါလိမ့်မယ် အပေါ်က အစိမ်းကွက်လေးမှာ PASS! ဆိုပြီးပြရင်တော့ ဖုန်းကို CWM သွင်းခြင်းပြီးပါပြီ။အောက်ပုံလေးအတိုင်း
                             

                                
့ (Volume Up + Home + Power) အသုံးပြုပြီး recovery mode ကိုဝင်ပြီး စစ်ကြည့်လို့ရပါပြီ

                         

ဒီပို့စ်လေးကို တောင်းဆိုထားတဲ့သူတွေအတွက် တင်ပေးခြင်းဖြစ်ပါတယ် သိတဲ့သူတွေကတော့ ကျော်ခွသွားပေါ့နော်ヅ ヅ မြန်မာဖောင့်ထည့်ချင်သူတွေကတော့(ဒီနေရာက)
နည်းလမ်းလေးအတိုင်း Font Zip ကို Flash ပြီးကစ်လိုက်ပေါ့နော် အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်။

                                             အိုင်တီစတား(နည်းပညာ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More