လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Friday 10 January 2014

Trillian 5.4.0.15 Final



Facebook, G-talk, Skype စတဲ့ အကောင့်တွေအပြင် တခြား အကောင့်များစွာကို ဒီကောင်လေး တခုထဲမှာ ဝင်ပြီး အမြဲတမ်း အသုံးပြုလို့ ရတဲ့ Trillian 5.4.0.15 Final ဖရီးဗါးရှင်းလေးပါ..။ ဒီကောင်လေးကို Install ထည့်တဲ့အချိန်မှာ ဒီကောင်လေးရဲ့ အကောင့်မရှိသေးရင်တော့ အကောင့်တခု ဖွင့်ပေးပြီး Install ထည့်သုံးလို့ ရပါတယ်..။ သူ့အကောင့် ရပြီးမှ တခြား မိမိတို့ အသုံးပြုလိုတဲ့ အကောင့်တွေကို တခုစီ ဝင်ပေးပြီး Chatting တွေနဲ့ IM Mail တွေကို ဖရီးအသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ကျနော့် Blog မှာ အရင်ကတော့ PRO ဗါးရှင်းလေးတခု တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရနိုင်တော့ပါဘူး..။ ဒီဖရီးဗါးရှင်းလေးနဲ့လည်း အသုံးပြုလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ပုံလေးတွေနဲ့ Install ထည့်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။

(OR)

Install ထည့်ပြီးသွားရင်တော့ အောက်ကပုံလေးတွေအတိုင်း ဖွင့်ပြီး အကောင့်တခုဖွင့်ဝင်ရပါတယ်..။ အရင်အကောင့်ရှိပြီးသားဆိုရင်တော့ အရင်အကောင့်နဲ့ဝင်ပါ..။ ကျနော်ကတော့ အရင်အကောင့်ရှိပေမယ့် နောက်အကောင့်တခုနဲ့ ထပ်ဝင်ပြပေးထားပါတယ်..။



အောက်ကပုံလေးတွေအတိုင်း နာမည်နဲ့ Password ၂-ခါနဲ့ E-mail နဲ့ ဝင်လိုက်ရင် အကောင့်တခုကို ရရှိမှာ ဖြစ်ပါတယ်..။


အောက်ကပုံလို အကောင့်ရှိပြီးသား နာမည်ဆိုရင်တော့ တခြား နာမည်ပြောင်းဝင်ပါ..။




အပေါ်ပုံအတိုင်း Success ဆိုရင်တော့ Next ပေးပြီး မိမိတို့ အမြဲတမ်း အသုံးပြုတဲ့ တခြား အကောင့်တွေကို အောက်ကပုံမှာ ပြထားတဲ့ နာမည်တူတဲ့ အကောင့်နာမည်တွေ အတိုင်း ဝင်ပြီး အသုံးပြုနိုင်ပါပြီ..။ အရင်ပိုစ့်မှာ ကျနော့် အကောင့်တွေ အများကြီးနဲ့ ဝင်ပြပေးခဲ့ပြီမို့ ဒီပိုစ့်မှာတော့ မိမိတို့ အကောင့်တွေနဲ့သာ ဝင်ပြီး အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်..။



အကောင့်တွေ ဝင်ပြီးလို့ အောက်ကပုံအတိုင်း Done ပေးလိုက်ရင်တော့ ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။



အောက်ကပုံအတိုင်း Start ပေးလိုက်ရင်တော့ မိမိတို့ အကောင့်တွေထဲမှ သူငယ်ချင်းများကို ဒီကောင်လေး တခုထဲနဲ့ Chat လို့ ရသွားပါပြီ..။ Mail တွေကိုလည်း ဖတ်လို့ ကြည့်လို့ ရသွားပါပြီ..။


ဒီပုံမှာတော့ ကျနော့် အကောင့်တွေ မဝင်ပြထားလို့ တခုမှ မပေါ်တာပါ..။ မိမိတို့ အကောင့်တွေ ဝင်လိုက်ရင်တော့ အများကြီး  ပေါ်နေမှာပဲဖြစ်ပါတယ်..။  ဒီကောင်လေးကို စမ်းသုံးရင်း အဆင်ပြေကြပါစေဗျာ..။
credit=လွင်မင်းဗိုလ်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More