လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Sunday 26 January 2014

Samsung Galaxy Win GT I8522 Root Method


win model
လာပြန်ပြီဗျာ.. Galaxy Win တဲ့…Root လုပ်ပြီး မြန်မာစာထည့်ချင်တဲ့သူတွေအတွက် Root လုပ်လိုက်ရအောင်..
galaxy win GT I 8552 (version 4.1.2) ကို Root လုပ်ဖို့  custom recovery နဲ့  Odin ကိုအောက်မှာ Down လိုက်ပါ..

DOWNLOAD ODIN

DOWNLOAD CUSTOM RECOVERY

Down ပြီးရင် Odin ကိုဖွင့်ပါ PDA နေရာမှာ custom recovery ကိုထည့်ပေးပါ..
ဖုန်းကို Download Mode ၀င်ပါ..ဒီ Model မှာ download mode ၀င်တာ နည်းနည်းလေးထူးခြားပါတယ်..
Vol Down + Home + Power ကိုစုံဖိထားပါ.. Vibrate တုန်ရင် Power ကိုလွှတ်ပြီး ကျန်တဲ့ နှစ်ခုကို ဆက်ဖိထားပေးပါ..
အဲ့ဒီမှာ Warning ဆိုတဲ့စာသားတွေပေါ်လာရင် Vol up ကိုနှိပ်ပေးလိုက်ရင် Download Mode ထဲဝင်သွားပါမယ်..
ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ..Driver တွေ အားလုံး သိနေရပါမယ်..
odin
Odin မှာ Driver သိသွားရင်တော့ Start ကိုနှိပ်ပေးလိုက်ပြီး ခဏစောင့်နေလိုက်ပါ..ဖုန်း reboot ကျပြီး ပြန်တက်လာရင်တော့ recovery တင်လို့ ပြီးပါပြီ..
sd card ထဲကို root လုပ်ဖို့  zip file လေးကိုထည့်ရပါမယ်..Root.zip ကိုအောက်မှာ Down ပါ…

ROOT.zip

ပီးရင် sd card ထဲထည့်ပါ..ဖုန်းကို ပိတ် Battery ဖြုတ်လိုက်ပါ..ငါးစက္ကန့် လောက်နေမှ battery ပြန်တပ်ပါ..Recovery mode ၀င်ပါမယ်..
Vol up + Home + Power ကိုတွဲဖိထားပါ..logo နှစ်ခါလောက်ပေါ်ရင် ခလုတ်တွေအကုန်လုံး လွှတ်လိုက်ပါ..recovery mode ထဲဝင်သွားပါမယ်..
recovery က display မကိုက်တာထင်တယ်.. Vol Up Vol down ကိုနှိပ်လိုက်ရင် display လှုပ်လှုပ်သွားတယ်..ကိစ္စမရှိဘူး..အဓိကက Root ရဖို့ ပဲကို.
install zip > choose zip from external sd card ထဲကနေ Download ဆွဲထားတဲ့ Root super su ကို power ခလုတ်နဲ့ ရွေးပြီး Install လုပ်လိုက်ပါ..
Complete ဖြစ်သွားရင်တော့ back နဲ့ ထွက်ပြီး Reboot system now နဲ့  Reboot ချလိုက်ပါ..ပြန်တက်လာရင်တော့ super su လေးနဲ့  root access ရပါပြီ..
super su
ကြိုက်တဲ့ Font changer ထည့်သုံးလိုက်ပါ..မြန်မာစာအတွက် အဆင်ပြေသွားပါပြီ..
(မှတ်ချက် Custom recovery တင်ပြီး Boot loop ပတ်နေသူများ stock recovery ပြန်တင်လိုက်ပါက Fimware ပြန်တက်ပါသည်..)
Firmware ပြန်အတက် Logo တွင် Yellow Triangle ကြီးပေါ်နေတာကိုပါ ဖျောက်ပစ်မယ်ဗျာ..လွယ်လွယ်လေးပါ..Root လုပ်ပြီးရင်
Custom recovery ကို မလိုအပ်တော့ဘူးလေ..Stock recovery ကို Odin နဲ့ ပြန်တင်လိုက်ရင် Yellow Triangle ကြီးပျောက်ပါတယ်..
Stock recovery ကို အောက်မှာ Down ပါ..

DOWNLOAD STOCK RECOVERY

Down  ပြီးရင် odin ကိုဖွင့်ပြီး custom recovery တင်သလို ဖုန်းကို Download Mode ၀င်ပြီးတင်လိုက်ရင်
Firmware Boot loop လည်းမပတ် Yellow Triangle လည်းပျောက် Stock recovery လည်းတင်ပြီးသားဖြစ်လို့ အကုန်အဆင်ပြေပါပြီဗျာ..
No Boot loop & No Yellow triangle thanks

CREDIT TO KO SI Thu

Thank For Watching My Post !!!

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More