မင်္ဂလာပါဗျာ... သည်နေ့ ကျွန်တော်တို့ မလေးရှားနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ စာအုပ် လိမ်လည် မှုတွေဆိုတာ ခဏခဏ ကြားနေ တွေ့နေရပါတယ်... စာအုပ်လုပ်တဲ့အခါ ကြားက ပွဲစားတွေနဲ့ အဆင်ပြေသလို လုပ်ရတဲ့ခါမျိုေးတွလည်းရှိတတ်ပါတယ် အဲအတွက် ကျွန်တော် တို့ စာအုပ်တွေ လက်ခံရရှိပြီဆိုတာနဲ့ မိမိရထားတဲ့စာအုပ်ဟာ တရားဝင် အျွှန်ကန်လားဆိုတာ စစ်ဆေးသင့်ပါတယ် အဲလို စစ်ဆေးတဲ့အခါ မှာ ပိုမိုစိတ်ချရတာပေါ့...တချို့ဆို ပွဲစားတွေက အမြန်ရမယ် ငွေဘယ်လောက်ဆိုတဲ့... မှောင်ခိုနည်းတွေနဲ့ လုပ်စားနေကြတာ တပုံကြီးရှိပါတယ်... အဲခါမှာ ကျွန်တော် တို့တစ်တွေအနေနဲ့ ငွေကလည်းကုန် စာအုပ်ကလည်း အတု နဲ့သာညားလိုက်ရင်တော့ မိအေး နှစ်ခါနာ ဖြစ်ရပြီပေါ့ အဲလို မဖြစ်ရလေအောင် သည်နည်းလေးကို အသုံးပြုနိုင်ပါတယ်.... မလေးရှာ လ၀က ဌါနတွေရဲ့ စစ်ဆေးချက်တွေဆိုလည်းသည်လို စစ်ဆေးတယ်လို့ ကြားသိရပါတယ်..
. အပန်းမကြီးတာမို့ စစ်ဆေးကြည့်ကြပါစို့နော်.... ပထမဆုံး သည်လင့်ကို သွားလိုက်ပါ... https://eservices.imi.gov.my/myimms/enqApplSts လုပ်ဆောင်ချက် နည်းလမ်းကိုတော့ ပုံလေးမှာ ပြထားပါတယ် ဘာမှလဲ မခက်ခဲပါဘူးနော်.. ( ၁ ) * No. Dokumen နေရာမှာ မိမိတို့စာအုပ်ရဲ့ ပါတ်စပို့စ် နံပါတ် ရေးထည့်ပါ ( ၂ ) * Warganegara ဆိုတဲ့နေရာမှာ myanmar ဆိုပြီး ရွေးပေးလိုက်ပါ ( ၃ ) Carian ဆိုတာကို ကလစ်ပေးလိုက်ပါနော် အိုကေ...စာအုပ်တရားဝင် အမှန်ကန်ဖြစ်နေပါက အောက်ဆုံးမှာ မိမိတို့ရဲ့ အမည်...စာအုပ်သက်တမ်းကုန်ဆုံးရက်...ပါမစ်သက်တန်းကုန်ဆုံးရက်...စသဖြင့် အကုန်အစုံပါတယ်ဗျာ... ကဲ စမ်းကြည့်လိုက်ကြပါနော် စေတနာများစွာဖြင့် ဘလော့ခရီးသည်
RSS Feed
Twitter
09:49
IT STAR

Time in Rangoon
Myanmar Kyat Converter
0 comments:
Post a Comment