လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Sunday 5 January 2014

Avast Internet Security and Avast Pro Antivirus 9.0.2011.263


ကျနော် Antivirus ဆော့ဝဲလ်တွေ မတင်ပေးဖြစ်တာ ကြာသွားပြီဖြစ်လို့ ဒီနေ့တော့ ဒီ Avast Internet Security and Avast Pro Antivirus ၂-မျိုးကို အသုံးပြုလို့ ရအောင်၊ ဖူးဖြစ်အောင် လုပ်နည်းနဲ့ အသုံးပြုနည်းကိုပါ တခါတည်း ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ မိမိတို့စက်ထဲမှ အရင်ရှိပြီးသား Antivirus ဗါးရှင်းတွေကို အရင် ထုတ်ပစ်ပြီးမှ ဒီကောင်လေးကို အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ Avast Internet Security ကတော့ တခြား Antivirus တွေ စက်ထဲမှာ ရှိလည်းပဲ အသုံးပြုလို့ ရမှာပါပဲ..။ ဒီကောင်လေးတွေကို ဖူးသုံးလို့ရအောင် key files တွေကို ရသလောက် စုပြီး ပေါင်းတင်ပေးထားပါတယ်..။ ဆော့ဝဲလ်ကိုတော့ ဒါရိုက်လင့်တွေကနေ ဒေါင်းယူလို့ ရအောင် လင့်တွေ ပြန်ချိတ်ပေးထားပြီး key files တွေကိုတော့ အရင်အတိုင်းပဲ Upload ဆိုဒ်တွေကနေ ပြောင်းတင်ပေးထားပါတယ်..။ Key Files တွေ ထည့်တဲ့အချိန်မှာတော့ အင်တာနက်ကို ပိတ်ထားပြီးမှ ထည့်ပါ..။ ဒီဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်လေးကလည်း နာမည်ရှိတဲ့ Avast ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်လေးမို့ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဖူးဖြစ်အောင် ပုံလေးတွေနဲ့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။


Avast Internet Security (122 MB)Avast Pro Antivirus (87 MB)
Avast Internet SecurityAvast Pro Antivirus
Key FilesKey Files
အရင်ဆုံး ကျနော် Avast Pro Antivirus ကို ဖူးဖြစ်အောင်နဲ့ အသုံးပြုတတ်အောင် အောက်ကပုံလေးတွေ အတိုင်း လုပ်ပြပေးထားပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း install ထည့်သွားလိုက်ပါတယ်..။




အပေါ်ကပုံလေးတွေ အတိုင်း Install ပြီးသွားရင်တော့ အောက်ကပုံလေးတွေ အတိုင်း key files လေးကို ရွေးပေးပြီး ထည့်ပေးလိုက်ရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ key files တွေမှာ ရွေးယူပေးရမယ့် ဖိုင်တွေ များတဲ့ အတွက် မိမိတို့အတွက် အဆင်ပြေမယ့် key file ကိုသာ ရွေးယူထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ..။



key file တွေကို ရွေးယူတဲ့နေရာမှာတော့ Antivirus အတွက် key file နဲ့ ၊ Internet Security အတွက် key file တွေကို ပူးတွဲ ထည့်ပေးထားလို့ မိမိတို့ အသုံးပြုလိုတဲ့ ဗါးရှင်းနဲ့ တူညီတဲ့ ဖိုင်ကို အပေါ်နဲ့ အောက်ကပုံအတိုင်း ရွေးယူပေးဖို့ သတိပြုပါ..။


key file တွေ ထည့်တဲ့ အချိန်မှာ အင်တာနက်ကို ခဏပိတ်ထားပေးပါ..။ အောက်ကပုံအတိုင်း ဆက်လက် ကလစ်ပေးလိုက်ရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



ဖူးဖြစ်သွားရင်တော့ အင်တာနက်ကို ပြန်ဖွင်ပြီး Update စာသားကို ကလစ်ပြီး အရင်ဆုံး Update လုပ်ပေးလိုက်ပါ..။



Restart တောင်းရင်တော့ စက်ကို Restart ပေးပြီးမှ ဆက်လက် အသုံးပြုလို့ အဆင်ပြေမှာပါ..။ စက်ပြန်တက်လာရင်တော့ အောက်ကပုံလေးတွေ အတိုင်း ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုလို့ ရပါပြီ..။



အပေါ်ပုံနဲ့ အောက်ကပုံလေးတွေ အတိုင်း တနေရာစီ ကလစ်ပြီး အသုံးပြုလို့ ရပါပြီ..။ အောက်ကပုံလေးတွေကတော့ ကျနော် အသုံးပြုထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်..။








Scan ပြီးသွားလို့ ဗိုင်းရပ်စ်တွေ တွေ့ပြီဆိုရင်တော့ အပေါ်ပုံအတိုင်း Apply နဲ့ ရှင်းပစ်လို့ ရပါတယ်..။


=====     ==========   =====
အပေါ်ကပုံလေးတွေကတော့ Avast Antivirus ကို အသုံးပြုပြထားတဲ့ ပုံလေးတွေ ဖြစ်ပြီး အောက်ကပုံလေးတွေကတော့ Avast Internet Security ကို ဖူးဖြစ်အောင် လုပ်ပြထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်..။ အသုံးပြုတဲ့ Scan နည်းကတော့ အပေါ်က နည်းနဲ့ အတူတူပါပဲ..။ Avast Internet Security ကို အောက်ကပုံလေးတွေ အတိုင်း Install ထည့်ပြီးမှ ဖူးဖြစ်အောင် Key File လေးကို အပေါ်က နည်းအတိုင်း ထည့်ပေးလိုက်ရင် အသုံးပြုလို့ ရသွားပါပြီ..။






အပေါ်ပုံလေးတွေ အတိုင်း Install ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း Setting ကနေ သွားပြီး key file လေးကို ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရပါပြီ..။



Internet Security အတွက် key files တွေ အများအပြား ရှိတဲ့ အထဲမှ အောက်ကပုံအတိုင်း တခုကို ကျနော် ထည့်ပေးလိုက်ပါတယ်..။




Thank you ဆိုရင်တော့ OK ပေးပြီး ဒီကောင်လေးကိုလည်း ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုရတာ အပေါ်ပိုင်းက ပုံတွေနဲ့ အတူတူပဲမို့ ဆက်ပြီး မပြပေးတော့ပါဘူး..။


ဒီလောက်ဆိုရင်တော့ ဒီကောင်လေးတွေကို ဖူးဖြစ်ပြီး အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။


credit=လွင်မင်းဗိုလ်(နည်းပညာ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More