လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Tuesday 14 January 2014

Android အတွက် ပြီးပြည့်စုံလွန်းတဲ့ App လေးတစ်ခု



imageimage


ES File Explorer_3.0.8.0(market).apk နောက်ဆုံး ဗားရှင်းလေးပါ။
ဒီ App လေးကို Android သုံးတဲ့သူ တော်တော်များများက သိကြပါတယ်။
ဒါပေမယ့် ဒီ App လေးရဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်နဲ့ အသုံးဝင်ပုံတွေကို မသိတဲ့သူကများပါတယ်။
ဒါကြောင့် အရေးပါ အရာရောက်တဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပါဦးမယ်။

ဘာတွေ လုပ်ဆောင်နိုင်ပါသလဲ ?
၁။  File Manager အဖြစ်သုံးလို့ရပါတယ်။
၂။  Audio Player အဖြစ်သုံးလို့ရပါတယ်။
၃။  Video Player အဖြစ်သုံးလို့ရပါတယ်။
၎။  Image Viewer အဖြစ်သုံးလို့ရပါတယ်။
၅။  Zip, Rar ဖိုင်တွေကို ဖြည်လို့ရပါတယ်။
၆။  Zip ဖိုင်အဖြစ် ဖိုင်ချုံ့လို့ရပါတယ်။ (password တောင်မှ ခံထားလို့ရပါသေးတယ်)
၇။  Text Editor အဖြစ်သုံးလို့ရပါတယ်။ ( .txt  ဖိုင်တွေ ဖန်တီးခြင်း ၊ ပြုပြင်ခြင်း )
၈။  Apk တွေကိုတောင်မှ Extract လုပ်လို့ရပါသေးတယ်။
၉။  Net Manager အဖြစ်သုံးလို့ရပါတယ်။ ( Zipya ကို Android User တော်တော်များ သုံးကြပါတယ်။ Net Manager ဟာလည်း WiFi စနစ်နဲ့ အချင်းချင် ချိတ်ဆက်ပြီး ဖိုင်တွေ ၊ ဖိုဒါတွေ အပြန်အလှန် ပေးပို့နိုင်ပါတယ်။ Zaypya ထက်တောင်မှ မြန်ပါသေးတယ်။  လက်တွေ့ စမ်းကြည့်ပြီးပါပြီ။ )
၉။  ဖိုင်တွေ ၊ ဖိုဒါတွေကို Hide လုပ်ထားလို့ရပါတယ်။
၁၀။  Google Market ကနေ Install လုပ်ထားတဲ့ App တွေမှန်သမျှ User App တွေအဆုံး Backup လုပ်ယူလို့ရပါတယ်။
၁၁။  System App တွေ ကိုလည်း Backup လုပ်လို့ရပါသေးတယ်။
၁၂။  Root Browser အဖြစ်သုံးလို့ရပါတယ်။
၁၃။  Download Manager လည်း ပါသေးတယ်။
ဒီလောက်ဆို ဘယ်လောက်ကောင်းတဲ့ App လေးလဲဆိုတာ သိလောက်ပါပြီ။
တခြားလုပ်ဆောင်ချက်တွေ အများ အများကြီးပဲ ကျန်ပါသေးတယ်။ ကိုယ်တိုင်သာဒေါင်းယူပြီး စမ်းကြည့်လိုက်ပါတော့။
Box မှဒေါင်းရန် >>> 3.11 MB
Dropbox မှဒေါင်းရန် >>> 3.11 MB


post by- thaw2npt

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More