လာရောက်သူအပေါင်းကျေးဇူးအထူးတင်ရှိပါသည်*အိုင်တီစတား*မှကြိုဆိုပါ၏

Sunday, 1 June 2014

TubeMate downloader for Android V-2.2.1


facebook video, you tube video တွေကို အမြန်ဆုံး ဒေါင်းဖို့ TubeMate downloader V-2.2.1 ကိုတင်ပေးလိုက်ပါတယ် အထဲမှာလိုချင်တဲ့ Format အမျိုးအစားကိုရွေးပြီးဒေါင်းနိုင်ပါတယ် အားလုံးသိပြီးသားဆိုတော့ ထွေထွေထူးထူးမပြောတော့ပါဘူး အောက်မှာဒေါင်းယူနိုင်ပါပြီ။

                                            
 
                                                       DOWNLOAD NOW

သားကောင်းရတနာ(နည်းပညာ)

Nokia N9 Myanmar Font & Myanmar Keyboard



အရင်ဆုံး Nokia account တော့ ရှိရမည် ပြီးရင် N9 ထဲမှာ ပါတဲ့ Store ထဲက Fontmanager - Mesinput ဆိုတာလေးကိုဒေါင်းပေးပါ



နောက်တစ်ဆင့်

ဒီ ဖောင့်လေးကို ဒေါင်းပေးပါနော် ## DroidSansFallback.tft ## ဒေါင်းလိုရလာတဲ့်Font ကို Phone ထဲထည့်ပါ ပြီးရင် စောနက ဆွဲလိုရတဲ့ fontmanager ဖွင့်ပါ ဘယ်ဘက်ဘေးက ( + ) လေးကို နှိပ်ပေးပါ MyDous > DroidSansFallback.tft ကိုရွေးပေးပါ နောက်တစ်ဆင့်ရောက်တာနဲ အကုန်လုံးကို အမှန်ခြစ်ပြီး install လုပ်ပေးပါ  ကယ် မြန်မာဖောင့်တော့ပြီးစီးပါပြီ

Keyboard လေး ထည့်ရအောင်

စောနက ဆွဲလိုရတဲ့ Mesinput ကိုဖွင့်ပါ Popular keyboards > Myanmar Zawgyi ဆိုတာကို install Keyboard တစ်ချက်နှိပ်လိုက်ပါ အစအဆုံးပြန်ထွက်ပါ setting > Time and language > Text input ဆိုတဲ့ နေရာမှာ မြန်မာ Keyboard လေးရောက်နေပါပြိ message box ကိုသွားပြီး စမ်းသပ်နိုင်ပါပြီ

MyanmarKeyboard သုံးချင်တယ်ဆိုရင်တော့ ဘေးတိုက်ပွတ်ဆွဲတာနဲတင် Myanmar Keyboard စတင် အသုံးပြုနိုင်ပါပြီ

Ko Ye
MOBILE KNOWLEDGE 
 
 

သားကောင်းရတနာ(နည်းပညာ)

IOS 7.1 တွင် Jailbreak လုပ်ပြီး Myanmar Font နှင့် Keyboard ထည့်သွင်းနည်း (Only For iPhone4)


iPhone 4 User တွေအတွက် Tethered Jailbreak လုပ်ပေးနိုင်တဲ့ Jailbreak Tool ထွက်ရှိလာပါပြီ။

ဒီ Tools လေးက iOS 7.1.1 ရောက်နေတဲ့ ဘော်ဒါတွေအတွက် Jailbreak လုပ်ပေးနိုင်မှာပါ။

အောက်က Link မှာ Download လုပ်လိုက်ပါ။


Jailbreak လုပ်နည်းမသိသူများက အောက်မှာ Jailbreak လုပ်နည်းကို ကြည့်ပေးပါ။

Jailbreak Tool ကို Run နိုင်ဖို့အတွက် JDK ကို Install လုပ်ထားရပါမယ်။

JDK ကို အောက်က Link ကနေ Download လုပ်ပါ။

အခု Download လုပ်ထားတဲ့ Jailbreak Tool ကိုဖြည်ချလိုက်ပါ။
အထဲက Jailbreak Tool ကို Right Click ထောက်ပြီးတော့ Run as Administrator ကိုနှိပ်ပြီးတော့
Run ပေးပါ။
User Permit တောင်းရင် Yes ကိုနှိပ်ပေးလိုက်ပါ။
Jailbreak Tool ပွင့်လာပါလိမ့်မယ်။
ဘော်ဒါတို့ရဲ့ iPhone 4 ကို ကြိုးချိတ်ပြီးတော့ Phone ကို 
ကွန်ပျူတာက သိရင် Jailbreak ကိုနှိပ်ပေးလိုက်ပါ။
အောက်ကပုံအတိုင်း Put Your iPhone In DFU Mode To Continue ဆိုတာပေါ်လာရင် 
ဖုန်းကို DFU Mode ကိုဝင်ပေးပါ။
DFU Mode ကိုဝင်ပြီးရင် အောက်က အတိုင်း Jailbreak လုပ်နေပါလိမ့်မယ်။


အောက်က ပုံအတိုင်း ပေါ်လာရင် ဘော်ဒါတို့ရဲ့ဖုန်းကို DFU Mode ထပ်ဝင်ပေးလိုက်ပါ။
အောက်က ပုံအတိုင်း Booting လုပ်နေပါလိမ့်မယ်။

အောက်ကပုံအတိုင်းပေါ်လာရင် ခဏစောင့်ပေးပါ။


ပါဝါပြန်တက်လာပါလိမ့်မယ်။ခဏလောက်စောင့်လိုက်ပါ။
Reboot လုပ်နေပါလိမ့်မယ်။
ပါဝါ ပြန်တက်လာတဲ့အခါ ဖုန်းက အောက်ကပုံအတိုင်း Recovery Mode ၀င်နေပါလိမ့်မယ်။
DFU Mode ထပ်ဝင်ပေးလိုက်ပါ။
ပါဝါပြန်တက်လာတဲ့အခါမှာ ဘော်ဒါတို့လိုချင်နေတဲ့ Cydia Icon လေးကိုမြင်နေရပါမယ်။
ဖုန်းကို Reboot လုပ်မိတဲ့အခါမှာဆိုရင် Jailbreak Tool ကို ပြန် Run ပေးပါ။ဘော်ဒါတို့ရဲ့ ဖုန်းအမျိုးအစားကိုလိုက်ပြီးတော့ Click ပေးပါ။ကျွန်တော့်ဖုန်းကတော့ Rev A ဖြစ်လို့ 
iPhone 4 Rev A ကိုရွေးလိုက်ပါတယ်။ဖုန်းကို DFU Mode ၀င်ပေးလိုက်ပါ။
အဲ့တာဆိုရင်တော့ ဖုန်းက နဂိုအတိုင်းပြန်တက်လာပါလိမ့်မယ်။Reboot လုပ်မိတိုင်း အဲ့အတိုင်းပြန်လုပ်ပေးပါ။
Myanmar Font နဲ့ Keyboard ထည့်နည်းကို မသိရင်တော့ အောက်မှာ ဆက်ကြည့်လိုက်ပါ။
Myanmar Font နဲ့ Keyboard ထည့်ဖို့အတွက် ဖုန်းကို အင်တာနက် ချိတ်ပြီးတော့

Cydia ကိုဖွင့်လိုက်ပါ။Users ကိုပဲရွေးပေးလိုက်ပါ။
Manage ကိုနှိပ်ပြီး Sources ကိုသွားပြီးတော့ Edit ကိုနှိပ်လိုက်ပါ။Add ကိုထပ်နှိပ်ပါ။
အောက်က repo ကို Add ပေးလိုက်ပါ။
http://cydia.macforus.com/
Add ပြီးရင် Zawgyi Font For iOS 7 ဆိုတာကို ရှာပြီးတော့ Install လုပ်လိုက်ပါ။
Keyboard အတွက်ကတော့ MM Keyboard For iOS 7 ကိုရှာပြီးတော့ Install လုပ်ပေးလိုက်ပါ။
Install လုပ်ပြီးပြီဆိုရင်  Setting > General > Keyboard > Keyboards > Add New Keyboard > Czech ကိုရွေးပေးလိုက်ပါ။

အဆင်ပြေပါစေ။ကျော်မင်းခန့်။

 
 
http://www.superstarmobilemdy.com/ 

Nokia X model number RM 980 ကို Root လုပ်ပြီး မြန်မာစာထည့်ကြည့်ရအောင်


 Nokia ရဲ့ ပထမဆုံး android version နဲ့ ထွက်လာတဲ့ Nokia X model number RM 980 ကို root လုပ်မယ် မြန်မာစာထည့်ကြည့်မယ်ဗျာ လုပ်ပုံလုပ်နည်းကလွယ်ပါတယ်။ 2010 လောက်ကတည်းက Android တွေနဲ့ရင်နီးပြီးသားဆိုတော့ 2014 ကျမှ android လောကထဲဝင်လာတဲ့ nokia လောက်ကတော့  သိပ်တော့အခက်ကြီးမဟုတ်ပါဘူးနော် nokia x အကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် ဒီနေရာ လေးမှာသွားပြီးလေ့လာနိုင်ပါတယ်။


Nokia ကိုချစ်တဲ့ user တွေအတွက်နောက်ထက်လဲ Nokia X plus နဲ့ Nokia XL ဆိုပြီး ဒီ 2014 ခုနှစ် ထဲမှာပဲ Android version 4.1.2 နဲ့ထွက်လာဖို့ရှိပါတယ်။ Nokia X plus အကြောင်းကို ဒီနေရာ လေးမှာလေ့လာနိုင်ပြီး Nokia XL ကိုတော့ ဒီနေရာ လေးမှာသွာရောက်လေ့လာနိုင်ပါတယ်။

 ကဲ ကျွန်တော်တို့အခု Nokia X လေးကို root မယ် မြန်မာစာထည့်မယ်။
ပထမဆုံး ဖုန်းကို PC မှာ USB ကြိုးနဲ့အရင်ဆုံး ချိတ်လိုက်ပါ။ PC မှာ driver install လုပ်နေတာမြင်ရပါလိမ့်မယ် ပြီးတဲ့ထိစောင့်ပါ။ ပြီးသွားပြီဆိုရင် ဖုန်းရဲ့ setting / developer option / usb debugging ကို အမှန်ခြစ်ပေးထားပါ။ဒါဆိုရင် PC မှာ USB driver install လုပ်ပြီးသွားပါပြီ။
 root လုပ်ဖို့အတွက် root tool ကို ဒီနေရာ လေးမှာသွားယူလိုက်ပါ။တစ်ခြားတော့ မဟုတ်ပါဘူး Vroot v 1.7.6 ပါ။
မြန်မာစာထည့်ဖို့အတွက် myanmarmobilesoftwaredeveloper မှ ကိုဖြိုးချမ်းရဲ့ Smart Zawgyi installer ကို ဒီနေရာ မှာယူလိုက်ပါ။


ဖုန်းရဲ့ setting / security /unknown soueces မှားအမှန်ခြစ်ပေးပြီး Smart Zawgyi installer ကို ဖုန်းထဲမှာ install လုပ်ပါ။ Smart Zawgyi installer ကိုဖွင့်ပါ။superuser permission တောင်းရင် Allow လုပ်ပေးလိုက်ပါ။အောက်ကပုံလေးတိုင်းပေါ်လာပြီဆိုရင်( sony ဖုန်းများအတွက်) ဆိုတဲ့နေရာကိုနှိပ်ပါ။ ဖုန်း reboot ကျပြီးပြန်တက်လာရင် မြန်မာစာမြင်ရပါပြီ



မြန်မာစာရိုက်ဖို့အတွက် Bagan Keyboard pro v 1.6.0 ကို ဒီနေရာ  လေးမှာယူလိုက်ပါ။ ကဲဒါဆိုရင်တော့ သူငယ်ချင်းရဲ့ Nokia X လေးမှာ  မြန်မာစာမြင်ရပြီး စာပါရိုက်လို့ရသွားပါပြီ

အားလုံးပဲအဆင်ပြေကြပါစေ
http://htwenaingwin.blogspot.com 

C8813D ဖုန်းတွေအတွက် Network Fixer

 C8813D တွေမှာ ဖြစ်တက်တဲ့ IMEI Error!

Sim Card မသိတဲ့ Error!

PESN 0 ဖြစ်နေတဲ့ Error!

MEID နဲ့ IMEI တူနေတဲ့ Error များကိုဖြေရှင်းနိုင်ပါတယ်။ဒီ Tool လေးကိုသုံးဖို့အတွက် Root ရှိဖို့လိုပါမယ် အောက်မှာဒေါင်းယူနိုင်ပါပီ။
                       

Playstore ကိုဒေါင်းပေးပါ။

https://play.google.com/store/apps/details?id=com.phyochan.c8813d



Playstore မရှိရင် ဒီမှာဒေါင်းပါ။

http://d-h.st/shE


Developed By=Phyo Chan's (MMSD)
 

Ace Translator 12.1.0 + Serial [Multilingual] Final Full Version

 နိုင်ငံတကာ ဘာသာစကား (၅၀) ကို အပြန်အလှန် ဘာသာပြန်ပေးနိုင်တဲ့ Ace Translator ကိုတင်ပေးလိုက်ပါတယ် နားမလည်တဲ့ ဘာသာစကားရှိရင် ဒီဆော့ဝဲလ်လေးသုံး ပြီးဘာသာပြန်နိုင်မှာဖြစ်ပါတယ် ရှားပါးတဲ့ ဆော့ဝဲလ်လေးပါ ဆောင်ထားတဲ့ သင့်ပါတယ် full version ဖြစ်ဖို့အတွက် ဒေါင်းထားတဲ့ WinRAR or 7Zip ဖိုင်ကို Extract  လုပ်ပါ ပြီးရင်

၁=Setup ကိုအရင် install လုပ်ပါ

၂=အထဲမှာပါလာတဲ့ Serial key ကို ထည့်ပေးပြီး Activate လုပ်ပါ။

ဒါဆိုရင်တော့ Full Version အဖြစ်အမြဲသုံးလို့ ရပါပြီ လိုအပ်သူတွေကတော့ အောက်မှာ ဒေါင်းယူနိုင်ပါပြီ

For  Windows - 8/7/Vista/XP/2008/2003/2000
 translate လုပ်နိုင်တဲ့ နိုင်ငံဘာသာ များကတော့

· English
· French
· German
· Italian
· Dutch
· Portuguese
· Spanish
· Catalan
· Greek
· Russian
· Chinese (Simplified)
· Chinese (Traditional)
· Japanese
· Korean
· Finnish
· Czech
· Danish
· Romanian
· Bulgarian
· Croatian
· Filipino
· Hindi
· Indonesian
· Latvian
· Lithuanian
· Norwegian
· Serbian
· Ukrainian
· Slovak
· Slovenian
· Swedish
· Polish
· Vietnamese
· Arabic
· Hebrew
· Turkish
· Hungarian
· Thai
· Albanian
· Maltese
· Estonian
· Belarusian
· Icelandic
· Malay
· Irish
· Macedonian
· Persian
· Galician
· Welsh
· Yiddish
· Afrikaans
· Swahili    စသည့်တို့ဖြစ်ပါတယ်။

                                                    Download Now
 

သားကောင်းရတနာ(နည်းပညာ)

CCleaner Professional & Business v4.13.4693 နောက်ဆုံးဗားရှင်း

ကွန်ပြူတာမှာ အမှိုက်တွေကိုပြောင်နေအောင်ရှင်းဖို့ မရှိမဖြစ်ဆောင်ထားသင့်တဲ့ဆော့ဝဲလ်ဆိုလဲမမှားပါဘူး အခု update လေးထွက်လာလို့ ပြန်လည်မျှဝေလိုက်ပါတယ် CCleaner 4.13.4693 With Business + Professional နောက်ဆုံး version လေးဖြစ်ပါတယ် Full Version ဖြစ်စေဖို့ install လုပ်နည်းကတော့ winrar ဖိုင်ကိုအရင် ဖြည်ချလိုက်ပါ

၁-အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်
၂-ccleaner setup ကို install လုပ်ပါ ဆော့ဝဲလ်ကို လုံးဝမဖွင့်ပါနဲ့
၃-ပေးထားတဲ့ DLL File folder ထဲ branding.dll ဆိုတဲ့ dll ဖိုင်လေးကို
   C-Program  ထဲကိုသွားပြီး  CCleaner Professional & Business folder ထဲမှ copy / past လုပ်ပါ
၎-ပြီးရင် ccleaner ကိုဖွင့်ပြီး Username စိတ်ကြိုက်ပေးပြီး အထဲမှာပေးထားတဲ့ key တစ်ခုခုကိုထည့်ပြီး
   Register လုပ်ပါ ဒါဆိုရင်တော့ Full Version ဖြစ်ပါပြီ။
အသုံးပြုမဲ့ သူတွေကတော့ဒေါင်းယူနိုင်ပါပြီ။


    DOWNLOAD NOW


သားကောင်းရတနာ(နည်းပညာ)

ဂိမ်းအလန်းလေးတစ်ခုဖြစ်တဲ့ Kochadaiiyaan:Reign of Arrows For Android

Android ဖုန်းတွေအတွက် မျှားပြစ် ပြီးကစားရတဲ့ Kochadaiiyaan:Reign of Arrows ဂိမ်းလေးဖြစ်ပါတယ် ကစားရတာအရမ်းကောင်းပြီးစိတ်ဝင်စားဖို့ကောင်းပါတယ် ဖိုင်ဆိုဒ် 47 Mb ရှိပါတယ် စိတ်ဝင်စားတဲ့ ဘိုတာတွေ ဒေါင်းယူနိုင်ပါပြီ။






                                                      DOWNLOAD NOW
သားကောင်းရတနာ(နည်းပညာ)

ပုံတွေကိုစိတ်ကြိုက် ပြုပြင်ဖို့ BeFunky Photo Editor Pro v4.0.8 နောက်ဆုံးဗားရှင်း

Updated=April 23, 2014
Current Version=4.0.8
Requires Android=2.3 and up
Android ဖုန်းတွေအတွက် April 23, 2014 နေ့ကထွက်ရှိလာတဲ့ ပုံတွေကို စိတ်ကြိုက်ပြုပြင်လို့ရတဲ့ BeFunky Photo Editor Pro နောက်ဆုံဗားရှင်းလေးဖြစ်ပါတယ် ပုံတွေကို effect မျိုးမျိုး,colour ,Frame,ပုံပေါ်စာရေး, စသည်တို့အပြင်နောက်ထပ်လုပ်ဆောင်ချက်တွေ အများကြီးပါဝင်သေးသည် play store မှာတော့ MYR 9.91 ပေးရပါမယ် ကျွန်တော့ဆိုဒ်လေးမှာတော့ Free Download ရယူနိုင်ပါတယ် Android Version 2.3 အထက်ဖုန်းများမှ အသုံးပြုလို့ရပါမယ် စိတ်ဝင်စားရင်တော့ အောက်မှာဒေါင်းယူနိုင်ပါပြီ
                                     





                                                    DOWNLOAD NOW



သားကောင်းရတနာ(နည်းပညာ)

Galaxy Note 2 (GT-N7100) Android KitKat V- 4.4.2 (Official Firmware)

Build date=08.04.2014Region =France
Model =GT- N7100 - N7100XXUFND3
OS Version=4.4.2

Samsung Galaxy Note 2 (GT-N7100) ဖုန်းများအတွက် 08.04.2014 နေ့ကထွက်ရှိလာတဲ့ Android KitKat V- 4.4.2 / (Official Firmware)  လေးဖြစ်ပါတယ် Update လုပ်ချင်သူတွေ အောက်မှာ ဒေါင်း ယူနိုင်ပါပြီ။ ဒေါင်းနည်းမသိသေးသူများအတွက် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ် ပုံများသေးနေရင် ကလစ်ပြီးကြည့်ပါ။
                                         
(1) Regular ကိုနပ်ပါ ခဏစောင့် အောက်ကပုံအတိုင်း
                                


 (2)အနီရောင်ဂွင်ထဲက နံပါတ်တွေ ရိုက်ထည့်ပါ
                               
(၃)ကနံပါတ်ရိုက်ထည့်ပြီ (၄) က Create Download Link ကိုနိပ်လိုက်ပါ ဒေါင်းမဲ့ ဖိုင်ကျလာပါမယ် အောက်ပုံအတိုင်း
                               


                                           
http://terafile.co/2502f4418708
                               

        သားကောင်းရတနာ(နည်းပညာ)

Myanmar Language နှင့် Myanmar Keyboard ပါဝင်သော S3 (GT-I9300) 4.2.2 Firmwar

Samaung Galaxy S3 (i9300) အတွက် မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို တင်ပေးလိုက်ပါတယ်။ သာမန် အသုံးပြုသူတွေအတွက်ရော Service သမားအားလုံးအတွက်ပါ အဆင်ပြေစေမှာပါ။ အရင် ထွက်ရှိထားတဲ့ i9300 4.2.2 (I9300XXUFME7) ကို မြန်မာစာဖောင့်နဲ့ ကီးဘုတ်အပြင် Language မှာပါ Burmese လို့ရွေးပြီးသုံးလို့ရပါတယ်။ Font ကို Samsung Zawgyi Font သုံးထားပါတယ်။ Galaxy S4 ရဲ့ official မြန်မာဖောင့် ပါပြီးသားထဲက ထုတ်ထားတဲ့ Font ပါ။ ကီးဘုတ်ကိုတော့ Frozen Keyboard 1.1.3 ကိုပဲ သုံးထားပါတယ်။ Frozen Keyboard Pro မသုံးတာက Expire Dateကြီးနဲ့ဆိုတော့ တော်ကြာ ရက်ပြည့်သွားရင် သုံးလို့အဆင်မပြေတော့မှာစိုးလို့ပါ။ Binary Count လုံးဝမတက်ပါ။ System Status လဲ Official ပါ။
Firmware တင်ပုံတင်နည်း
(1) I9300XXUFME7_I9300OXAFME7_YYL.zip ကို Download လုပ်ပါ။
(2) Odin ကို ဖွင့်ပါ။
(3) Zip ဖိုင်ကို ဖြည်ပြီးထွက်လာတဲ့ I9300XXUFME7_I9300OXAFME7_I9300XXUFME7_YYL.tar.md5 ကို PDA နေရာမှာထည့်ပါ။
(4) ဖုန်းကို power ပိတ်ပါ။
(5) Power + Home + Vol Down ခလုတ်သုံးခုကို တွဲနှိပ်ပြီး Download Mode ကို ၀င်ပါ။
(6) Usb ကြိုးကိုအသုံးပြုပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။
(7) Start ကို နှိပ်ပါ။
(8) ဘယ်ဘက်အပေါ်ထောင့်က အပြာတန်းလေး ပြီးတဲ့အထိ စောင့်ပါ။ Pass လို့ ပေါ်လာရင် Odin ကို ပိတ်ပါ။ ကြိုးဖြုတ်ပါ။
(9) ဖုန်းရဲ့ recovery mode မှာ ၀င်နေတာတွေ့ရင် reboot system now ကိုရွေးပေးပါ။
(10) စက်တက်လာပြီဆိုရင်တော့ Language နေရာမှာ English (United State) ကိုပဲ ရွေးရွေး။ မြန်မာလိုပဲ သုံးချင်တယ်ဆိုရင်တော့ Burmese ကိုရွေးပါ။
S3 (GT-I9300) 4.2.2 မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို အသုံးပြုလို့ရပါပြီ။

Special Thanks to Sayar Phyo Nyi Nyi
Frozen Keyboard – Ko Thiha Aye Kyaw
Font – Zawgyi Team
Hotfile Uploader – Ko Moe Myat Thu Kha @ Yeeshin Mobile
Mediafire transload – Sayar Phyo Nyi Nyi
Dev-host transload – စက်ရုပ်များကြီးစိုးချိန်

Download Link များ

Hotfile Download


Mediafire Download


Dev-host Download

Credit To: Myanmar Mobile Application Store

အင်တာနက် ဖွင့်သုံးနေစဉ် Viber ကို offline လုပ်ထားနိုင်သော Viber Switch.apk

 Viber Switch.apk သည် Android ဖုန်း Viber user များအတွက် အင်တာနက် ဖွင့်သုံးနေစဉ် မိမိ viber ကို အလွယ်တကူ Online/Offline စိတ်ကြိုက်ထား၍ အသုံးပြုနိုင်သော app ဖြစ်သည်။

ဒီ apk ကို သုံးရန် သင့်ဖုန်းတွင် Viber ကို install လုပ်ပြီးသားဖြစ်ရမည်။ app ကို ဖွင့်၍ Offline ကို ကိုနှိပ်လိုက်ပါက သင့် viber သည် Offline ဖြစ်သွားပြီး စာ၊ ပုံ နှင့် Video ဖိုင်များ ၀င်တော့မည်မဟုတ်ပါ။ အင်တာနက် ဖွင့်ထားသော်လည်း တစ်ဘက်လူမှ သင့် viber ကို ကြည့်လျှင် Offline ဖြစ်နေမည်။ တစ်ဘက်မှ စာပို့သော်လည်း သင့်ထံသို့ စာမ၀င်နိုင်တော့ပါ၊ Delivered မပြတော့ပါ။

app ကိုဖွင့်၍ Online ခလုတ်ကို ပြန်နှိပ်မှသာ သင့် viber ပုံမှန်အတိုင်း ပြန်အလုပ်လုပ်ပါမည်။
သတိပြုရန်မှာ Offline လုပ်ထားစဉ် viber ကို ဖွင့်လိုက်မိပါက Online ကဲ့သို့ဖြစ်သွားပြီး တစ်ဘက်မှ ပို့ထားသောစာများ ချက်ချင်း ၀င်လာလိမ့်မည်။

အင်တာနက်သုံးပြီး Viber မှာ ပုန်း ချင်သူအများ အတွက် တွက်ခြေကိုက်ပါသည်။
Thanks to Viber, Original Owner
အသုံးပြုလိုပါက အောင်က လင့် မှာ ဒေါင်းယူပါ ....

                                                 
http://www.mediafire.com/download/4zy47qa7r6favzi/Viber_Switch.apk
  
   DOWNLOAD NOW
                                                  
  Credit= KYAW MIN SOE

Twitter Delicious Facebook Digg Stumbleupon Favorites More