အခုတလော
Online မှ မိတ်ဆွေ၊သူငယ်ချင်း အတော်များများ ကျွန့်တော့်ကိုမေးလာကြတဲ့ မေးခွန်း
တခုကတော့ သူတို့ဘလော့တွေ Disappeared ဖြစ်သွားလို့ ဘယ်လိုပြန်ယူရမလဲ..ဆိုတဲ့မေးခွန်းပါ
ဘဲ။ကျွန်တော်လဲ ကျန်းမာရေးကတဖက်အလုပ်ကတဖက်နဲ့ တယောက်ချင်းစီကိုပြန်လည်မဖြေနိုင်ခဲ့ပါ။
ဒါကိုလဲ မိတ်ဆွများ နားလည်ပေးပါလို့ ဦးစွာ မေတ္တာရပ်ခံချင်ပါတယ်။ဒီလို အကြောင်းများကြောင့်...
မေးထားတဲ့မေးခွန်းကို ကျွန်တော်သိသမျှ ဘလော့ Disappeared ဖြစ်နေတဲ့သူတွေရော.မသိသေးတဲ့
သူတွေအတွက်ပါ ဒီပို့စ်လေးကိုရေးလိုက်တာပါ။
Disappeared ဖြစ်တယ်ဆိုတာ ကိုယ့်ရဲ့ဘလော့ ပျောက်ကွယ်နေခြင်းကို ဆိုလိုတာပါ။ကိုယ်ကိုတိုင်ဝင်
ကြည့်လို့မရသလို တခြားသူလဲဝင်ကြည့်လို့ မရတော့ပါဘူး။
Disappeared ဖြစ်ရခြင်းအကြောင်းရင်းများကတော့...
(၁)အလွယ်တကူ ရနိုင်သော Blogger Template များကိုအသုံးပြုခြင်း။(တချို့ Blog Template ဆိုဒ်များ
တွင် Viruses များရှိနေတဲ့အတွက် ကိုယ်စတင်လုပ်တဲ့ဘလော့မှာလဲ အော်တိုပါလာပြီး ဖြစ်တတ်ပါတယ်။)
(၂)Blogger တခုတွင် ရှိသင့်တာထက်ပို၍ Gadget များ၊Widget များထည့်သွင်းခြင်း။(ဒီနေရာမှာ တခုသိစေ
ချင်တာက တချို့ဆိုဒ်တွေက ယူလိုက်တဲ့ Widgets များက ကိုယ့်ရဲ့ ဘလော့ ကို Spam ဖြစ်စေတတ်ပါတယ်။)
(၃)Posts များတင်ရာတွင် စည်းစနစ်မကျခြင်းနှင် Spam,Draft ဖြစ်နေသော Posts များကို မဖျက်ဘဲထားခြင်း။
(၄)သူတပါး ဘလော့များမှ ပို့စ်များကို မကြာခဏ ကော်ပီယူ၍ မိမိဘလော့မှာတင်ခြင်း။
(ဘာမှမဖြစ်ပါဘူး..လို့တချို့ကဆိုပါတယ်။ကော်ပီယူတဲ့ဆိုဒ်မှာ Virus မရှိတောမှန်ပေမဲ့ ကိုယ်ကော်ပီယူပြီး
ကိုယ့်ဘလော့မှာ တင်နေတဲ့အချိန်အခိုက်အတန့်မှာ အင်တာနက်ကနေတဆင့် မလိုလားအပ်တဲ့ ဗိုင်းရပ်များ
ဝင်နိုင်တယ်ဆိုတာကိုသတိထားပါ.)
(၅)Google Blogger Team ရဲ့ စည်းကမ်းနဲ့မညီညွတ်တဲ့ Templates များ၊Widgets များ အသုံးပြုခြင်း.....စတဲ့
အချက်လေးတွေကြောင့် Blog များ Disappeared ဖြစ်ရခြင်းပါ။
အဲလို Disappeared ဖြစ်သွားရင် ကိုယ်ဘလော့ကို ပြန်ယူဘို့က....
(၁) Blogger မှာ Sigm in ဝင်လိုက်ပါ။
(၂)ဘလော့က disappeared ဖြစ်နေတယ် ဆိုတဲ့ စာတန်းလေး နောက်က Restore ကိုကလစ်ပါ။
(၃)ပေးထားတဲ့ Security စာများကိုမှန်အောင်ဖြည့်ပြီး မိမိ Email ကိုရိုက်ထည့်ပါ။Restore ကိုကလစ်ပါ။
(၄)ပြီးတာနဲ့ ကိုယ့်ရဲ့ Email Inbox ကိုဖွင့်ပါ။Google ကပို့ထားတဲ့လင့်အတိုင်းဝင်လိုက်ပြီး အကောင့်တခါပြန်ဝင်ပါ။
(၅)ပြီးရင်အကောင့်ကို Sign out လုပ်ပြီးပြန်ထွက်ထားပါ။
(၆) ၂၄-နာရီအတွင်း Google ကအကြောင်းပြန်စာထပ်ပို့လာပါမယ်။ဒီစာရောက်ရင် ပေးထားတဲ့လင့်နဲ့ပြန်ဝင်ကြည့်ပါ။
ကိုယ့်ရဲ့ ဘလော့ကို ပုံမှန်အတိုင်းပြန်တွေ့ရပါမယ်။
(၇)ဘလော့ပြန်ရရင် (ဒီမှာ) ဘလော့ကို Virus Scan လုပ်ပါ။အိုကေမှ ပို့အသစ်တင်ပါ။
***အထူးသတိပြုရန်မှာ...disappeared (၃)ကြိမ်ဖြစ် သွားရင် ပြန်လည်၍ Restore လုပ်မရနိုင်တော့ပါ။
ဘလော့ဂါအသစ်လေးများ အားလုံး အဆင်ပြေကြပါစေဗျာ..။

credit=အလင်းသစ်နံနက်ခင်း
RSS Feed
Twitter
08:42
IT STAR

1 comments:
ဘရားသား ကျွန်တော့် blog က restore လုပ်တာလည်း မေလ်း ပြန်မပို့ဘူးဖြစ်နေတယ် ဘရားသား အကြံပေးပါအုန်း လေစားစွာဖြင့်
Post a Comment